*****Part 11*****

4.1K 451 43
                                    

PROMISE

ခ​န​နေ​တော့ သူ့ရင်​ခွင်​ထဲကို အိပ်​​ပျော်​ ကာ ကျလာ တဲ့ Hyung ကိုယ်​​လေး ကို သူကုန်းပိုးရင်း ထွက်​လာခဲ့သည်

အရာရာ ကို ​နောက်​ပြန်​ဆုတ်​ချင်​ လာတဲ့ စိတ်​​တွေ သူ့မှာရူးမတတ်​ပင်

Hyung ကို သူ ကုန်းပိုးပီး ​လျောက်​လာ ခဲ့ရင်း က​နေ Car Parking ​ရောက်​​တော့ သူ့ ကား​ပေါ် အသာ​လေး တင်​လိုက်​သည်​ မူးပြီး အိပ်​​နေတဲ့ Hyung က​တော့ အပြစ်​ ကင်းစွာ အိပ်​​မော ကျ​နေသည်

Hyung ကို ကြည့်​ရင်း သူ့ မျက်​၀န်းမှာ မျက်​ရည်​စ​တွေ ခိုတွဲလာရသည်​...အသာ​လေး Hyung နားကို ကပ်​ပြီး Hyung နှုတ်​ခမ်း ​လေး ကို အချိန်​အ​တော်​ကြာ စိုက်​ကြည့်​ ​နေပြီးမှ ​ခေါင်းကိုယမ်းကာ အကြည့်​လွှဲလိုက်​ရင်း

" Minahe Hyung ကျွန်​​တော်​တို့ ဘယ်​လိုမှ မဖြစ်​နိုင်​​တော့ဘူး ထင်​တယ်​ "

~~~~~××××××~~~~~~

Hyung ရဲ့ အခန်း ကို ​ရောက်​ပြန်​​တော့လည်း ကားကို Parking ထိုးကာ Hyung ကို ​ပွေ့ချီပြီး အ​ပေါ် တက်​ခဲ့သည်​ Hyung အခန်း​ရှေ့​ရောက်​​တော့ Password မသိတာ​ကြောင့်​ Sehun ကို ​မေးကြည့်​​တော့ 9493 ဆိုတာ​ကြောင့်​ သူ ပြုံးမိသွားသည်​...Hyung သူ့ကို ချစ်​​နေတုန်းဘဲကိုး

Hyung ရဲ့ အခန်းထဲ ၀င်​ကာ ခုတင်​​ပေါ် အသာ ချ​ပေးပြီး အခန်းထဲက ထွက်​ဖို့ အလုပ်

" မသွားပါနဲ့ Jongin ..Hyung ကို ထားမသွားပါနဲ့ "

ယောင်​ပြီး မျက်​ရည်​​တွေ ကျ​နေတဲ့ Hyung ​ကြောင့်​ သူ မနည်း ကို တင်းထားတဲ့ စိတ်​​တွေ ​ဖြေ​လျော့ သွားသည်​ ခုတင်​​ပေါ် အမြန်​တက်​ကာ Hyung ​ဘေး အသာ ၀င်​အိပ်​ရင်း Hyung ကိုယ်​​လေး ကို သူ့ရင်​ခွင်​ထဲမှာ တင်း​နေ​အောင်​ ဖက်​ရင်း သူ့ရဲ့ တစ်​ညတာ ကို ကုန်​ဆုံး ခဲ့သည်

~~~~××××××~~~~~

တစစ်​စစ်​ နဲ့ ကိုက်​​နေတဲ့​ခေါင်းရယ်​ သူ့ကို ခပ်​တင်းတင်းဖက်​ထား တဲ့ လက်​တစ်​စုံရယ်​​ကြောင့်​ Kyung Soo အိပ်​ရာ ​ပေါ်က​နေ မနည်း ထထိုင်​လိုက်​သည်

ညက သူဘာဖြစ်​ခဲ့တာလဲ ဆိုတာ သူသိပ်​မစဉ်း စားလိုက်​ရဘဲ သူ့​ဘေးမှာ အိပ်​​မော ကျ​နေတဲ့ မျက်​နှာ​လေး ကို မြင်​ရုံ နဲ့ သူသိသွားသည်​.....

RROMISE...Where stories live. Discover now