*****Part 4*****

3.7K 393 5
                                    

PROMISE


Jonginလည်း အလိုက်​သင့်​ Kyung Soo  လက်​ကို  ပြန်​တွဲရင်း အတန်းဆီ ဉီးတည်​ခဲ့သည်​...

နှစ်​​ယောက်​ စလုံး အတွက်​​တော့ ပထမဆုံး အကြိမ်​ ချစ်​မိတဲ့ အချစ်​ ......အချစ်​ဉီး ​တွေ မို့  အရူး အမူးကို ချစ်​ကြတာပါ

သူတို့ မသိလိုက်​တာက​တော့ သူတို့ကို ကြည့်​​နေတဲ့ မျက်​၀န်းတစ်​စုံ ရှိ​နေတယ်​ ဆိုတာဘာဘဲ

¥¥¥¥¥¥¥¥

Jongin Omma ခရီးသွား​နေတဲ့ ရက်​​တွေက Jongin အတွက်​​တော့ အ​ပျော်​ရွှင်​ ရဆုံး ရက်​​တွေပင်​ သူချစ်​ရတဲ့ Hyung နဲ့ မနက်​ဆို ​ကျောင်းအတူတူ သွား Breakfast လည်း အတူတူစားကြ ည​နေ​ကျောင်းဆင်း ပြန်​ရင်​လည်း အိမ်​ကို အတူတူ ပြန်​ကြ Hyung ကို အိမ်​​ရှေ့ ထိ လိုက်​ပို့ ပြီးတဲ့ အထိ သူ က လက်​မလွှတ်​ချင်​ဘူး​လေ Hyung လက်​​သေး​သေး ​လေး​တွေ ကို စုပ်​ကိုင်​ ထားရတဲ့ အချိန်​က သူ့ ဘ၀ အတွက်​ အ​ပျော်​ ရွှင်​ဆုံး ရက်​​တွေပင်

¥¥¥¥¥¥¥

ဒီ​နေ့​တော့ Jongin က သူ့ အ​မေ ည​နေကျ  ရင်​ ပြန်​လာ ​တော့မယ်​ ဆိုတာ သိ​နေတာ မို့ Omma ပြန်​မလာ ခင်​ Hyung နဲ့ ​ကျောင်းအတူတူသွား ရ​အောင်​ သူ Hyung ဆီ ကို ပိုပြီး အ​စောကြီး ထွက်​လာခဲ့သည်​ မနက်​ မိုးမလင်း ​သေးတာမို့ ​နေ​တောင်​ မထွက်​​သေး.......ချမ်းစီးစီး ရာသီဉတု့ ကြီးမှာ သူ့ ဂျာကင်​ထဲကို လက်​နှစ်​ဖက်​ ထည့်​ ရင်း Hyung အိမ်​ကို အ​ပြေး လာခဲ့သည်

Hyung အိမ်​​ရှေ့​ရောက်​​တော့ Bell တီး​ပေမယ့်​ တစ်​​ယောက်​ မှ ထွက်​မလာတာ​ကြောင့်​ သူ သိထားတဲ့ Passward ​လေး ကို နှိပ်​ပီး အိမ်​ထဲကို ​ခြေသံလုံလုံ နဲ့ ၀င်​လာခဲ့သည်

ဘယ်​လို ​ပြောရမလဲ သူ့ အဖြစ်​ က ချစ်​သူ ​ကောင်​မ​လေး ကို လာခိုးတဲ့ ​ကောင်​​လေး တစ်​​ယောက်​ ရဲ့ အဖြစ်​လိုဘဲ

¥¥¥¥¥¥¥

Hyung အခန်းတံခါး ​လေးကို အသာ ​လေး ဖွင့်​ကြည့်​​တော့ ခုတင်​​ပေါ်မှာ ​ကွေး​ကွေး​လေး အိပ်​​နေတဲ့ Hyung..​စောင်​က ​အောက်​ကို ပြုတ်​ကျ​နေတာမို့ ဘယ်​​လောက်​ ချမ်း​နေလည်း ဆိုတာ သူသတိ ထားမိပါသည်

RROMISE...Where stories live. Discover now