****Part 2****

4.9K 447 17
                                    

PROMISE

✌✌✌✌✌

Jongin က အရင်​ဆင်းကာ တံခါးဖွင့်​​ပေးပြီးသူနား ကပ်​ကာ

Hyung...ကျွန်​​တော့်​ အ​မေ က ဟို ရုပ်​ရှင်​ထဲက ခပ်​ဆိုးဆိုး အ​မေ​တွေနဲ့ တူတယ်​ မလား ဆိုပြီး ရယ်​ကာ ​ပြောလိုက်​တဲ့ Jongin ​ကြောင့်​ သူစိတ်​မ​ကောင်းဖြစ်​​နေတာ​တောင်​ ​ပျောက်​သွားသလိုပင်

¥¥¥¥¥¥¥¥

အခု ဆို ​ကျောင်းဖွင့်​တာ တစ်​လ ​ကျော်​​နေပြီမို့ Jongin နဲ့ Kyung Soo တို့ ၂​ယောက်​လည်း ​တော်​​တော်​ ရင်းနှီး​နေကြပြီ​လေ...မနက်​ဆို Jongin က လမ်းက​နေ ဆင်းပြီး Kyung Soo နဲ့ ​ကျောင်း အတူတူ သွားတာ ကလည်း ​နေ့စဉ်​တာဝန်​တစ်​ခု  ပင်​...  

Jongin တစ်​​ယောက်​ သူ့  ​ဘေးမှာ English meaning ​တွေ ထိုင်​ကျက်​​နေတဲ့ Kyung Soo  ကိုကြည်​ကာ ပြုံးလိုက်​ပြီး

Jongin...Hyung Hyung ဆိုပြီး ​ခေါ်လိုက်​​တော့

Kyung Soo က ပြုံးက စာအုပ်​ကို ပိတ်​လိုက်​ပြီး

Kyung Soo..အင်း Jongin ​ပြော ဆိုပြီး ​ပြောလိုက်​​တော့

Jongin....Hyung မနက်​ဖြန်​ ​လေ အဲဒါ English Test အတွက်​ ကျက်​​နေတာလား ......ကျွန်​​တော်​​တော့ ကျွန်​​တော့်​ ​နေရာ ကို ဖယ်​​ပေး ရ​တော့မယ်​ ထင်​တယ်​..... ဆိုပြီး မျက်​နှာ​လေး ရှုံ့ ကာ ​ပြောလိုက်​​တော့

Kyung Soo က ရယ်​ကာ

Jongin က ည​နေကျ ကျုရှင်​မှာ ကျက်​ရမှာ​လေ Hyung က ည​နေကျ အိမ်​ မှာ ကူ​ပေး ရဉီးမှာ..... Jongin ရဲ့  မအားဘူး​လေ..Jongin ရဲ့ First ​နေရာ ကိုလည်း Hyung က မရ ​လောက်​ပါဘူး ဆိုပြီး ​ပြော​တော့

Jongin က ရယ်​ကာ

မရ စရာ ​အ​ကြောင်း မရှိပါဘူး Hyung လိုချင်​ရင်​ Jongin က ဖယ်​​ပေးမှာ .....ဆိုပြီး ​ပြောလိုက်​​တော့ Kyung Soo တစ်​​ယောက်​ ရယ်​ကာ Jongin ပါး​တွေကို လိမ်​ဆွဲ လိုက်​ပြီး.... စာဆက်​ ကျက်​​နေလိုက်​သည်

¥¥¥¥¥¥

Jongin အတွက်​က​တော့ Kyung Soo ရဲ့ လက်​နု နု ​လေး​တွေနဲ့ သူ့ ပါးကို လာဆွဲ လိုက်​တဲ့ အချိန်​ ......သူ့  ရင်​​တွေ ခုန်​လွန်းလို့ ​လောကကြီး​တောင်​ ရပ်​တန့်​သွား သလိုပင်​.....ပြုံးစိစိ ဖြစ်​​နေတဲ့ သူ့  မျက်​နှာကိုလည်း မနည်းကို မျက်​နှာပိုး သတ်​ထား ရသည်​......လူ​တွေ ​ပြော​ပြော​နေတဲ့ အချစ်​ဆိုတဲ့ အရာက ခုလိုမျိုးလား .......အဲ့ လူရဲ့ ​ဘေးမှာ ရှိ​နေရုံ နဲ့တင်​ သူ ​ပျော်​နေမိတာ...ပြီး​တော့ သူ့  ဘ၀မှာ ပထမဆုံး အကြိမ်​ ချစ်​မိတဲ့ အချစ်​ဉီးမို့ ဖြူစင်​တဲ့ အချစ်​​တွေ နဲ့ ကို ချစ်​မိ​နေတာပါ......

RROMISE...Where stories live. Discover now