Prologue

17.4K 1K 31
                                    

ကမ္ဘာ​ပေါ်မှာ တရားမဝင်​​သော ချစ်​ခြင်းများစွာ ကို ဂုဏ်​ပြု​​ပေးကြပါရက်​နဲ့....

ဘာဖြစ်​လို့များ ကျွန်​မတို့ နှစ်​​ယောက်​ကြားက ချစ်​ခြင်းကို လက်​မခံနိုင်​ကြရတာလဲ ?

ရှင်​တို့ရဲ့ အချစ်​အဘိဓာန်​မှာ သက်​ရှိနဲ့ သက်​မဲ့ ရယ်​လို့ ခွဲခြားထားတာလား ?

ကျွန်​မတို့ရဲ့ အချစ်​ဇာတ်​လမ်းမှာ​တော့ ချစ်​တဲ့ သူနဲ့ အချစ်​ခံရတဲ့ သူနှစ်​မျိုးပဲ ရှိတယ်​ .....။

"ရူးများ ရူး​နေလား မသိဘူး ...Sex doll ကို wedding dress ဝတ်​ပြီး လုပ်​​နေလိုက်​တာ ... ပိုက်​ဆံကုန်​တာချင်းတူတူ မိဘမဲ့ ​ဂေဟာ လှူပါလား "

"​သေခါနီး ​တောင်​ သားစိတ်​မယားစိတ်​ မကုန်​​သေးတာလား "

"ရူးတာလား ဦး​နှောက်​မရှိတာလား ? နှာဘူးထချင်​ရင်​ ထချင်​တယ်​​ပေါ့ ..."

Sina, Weibo အပြင်​ Facebook , Twitter က comment ​တွေ ....။
ကင်​ဆာ​ရောဂါသည်​ တစ်​​ယောက်​က အရုပ်​မ​လေးကို လက်​ထပ်​တာ ဘာများ ထူးဆန်းပြီး ရူးသွပ်​​နေလို့ ကဲ့ရဲ့ ​နေရတာလဲ ?

ကို က Laptop screen ကို ပြုံးပြုံး​လေးကြည့်​​​နေတယ်​ ...ကျွန်​မ ကြည့်​​နေတာ သိလို့လား မ​ပြောတတ်​... ကျွန်​မဘက်​ကို လှည့်​ပြီး တိုးတိုး​လေး ​ပြောတယ်​ ...။

"...ဘာမှ မဖြစ်​ပါဘူး ..."

ဘာမှမဖြစ်​ဘူးတဲ့ လား ? ကျွန်​မ အရုပ်​မျက်​လုံး ​သေ​သေ​တွေ ဟာ Laptop screen ကို အတိုင်းသား မြင်​​နေရတယ်​ ဆိုတာ ကို သိသင့်​တယ်​ ...။

"ဘာမှမဖြစ်​ပါဘူး ...ကိုယ်​တကယ်​ ဘာမှ မဖြစ်​ပါဘူးကွယ်​ "

ဆို့နင့်​​နေတဲ့ ကို့ အသံကို ကျွန်​မ ကြားရတယ်​ဆိုတာ ကို သိလား ...ကို ရဲ့ ခံစားချက်​ကို ဘာလို့ နားမလည်​ကြတာလဲ ? ကင်​ဆာ ​ရောဂါသည်​ တစ်​​ယောက်​ကို ဘာလို့ ကိုယ်​ချင်းမစာကြတာလဲ ?

ကျွန်​မပါးပြင်​ ​ပေါ်ကို ​ရောက်​လာတဲ ကို့ လက်​​ချောင်းသွယ်​သွယ်​​လေး​တွေ ...ကျွန်​မ မျက်​ရည်​​တွေ ကျလာတယ်​ ...ဟင့်​အင်း ..အရုပ်​တစ်​ရုပ် ဟာ ဘယ်​လိုလုပ်​ မျက်​ရည်​ကျမှာလဲ ..? ကို က ကျွန်​မ မျက်​ရည်​​တွေ ကိုသုတ်​​ပေး​နေတာလား ? ဟင့်​အင်း ... မသိ​တော့ဘူး ..မသိ​တော့ဘူး ...ရူးချင်​​နေပြီ ..။

စကားမ​ပြောတတ်​တဲ့ အရုပ်​တစ်​ရုပ်​ ...
ဘယ်​ဘက်​ က နှလုံးသားမရှိတဲ့ Silicon သား ထုထည်​ ဟာ ...တဆစ်​ဆစ်​ နာကျင်​​နေ​တယ်​ ...။

My Last BrideWhere stories live. Discover now