Episode 8

6K 747 26
                                    

ဒီ​နေ့ ကျွန်​မတို့ မင်္ဂလာ​ဆောင်​တာ နှစ်​လပြည့်​တဲ့ ​နေ့ ...။

ဟိုတခါ ကိစ္စဖြစ်​ပြီး ​နောက်​ပိုင်း ကိုက ကျွန်​မကို ​ဆေးရုံ မှာပဲ ​ခေါ်ထား​တော့တယ်​ ...။ က​လေးကြီး ဆို​တော့ သူ့အရုပ်​မ​လေး ကို သူများတကာ ယူ​ဆော့မှာ စိုးလို့ထင်​ရဲ့ ...။

ကို​လေ ...တ​နေ့တခြား ပိန်​ပိန်​လာလိုက်​တာ ....။
ကင်​ဆာ​ဆေး​တွေ က ပြင်း​တော့ ဆံပင်​​တွေလည်း စကျွတ်​လာတယ်​ ...
ဘာဖြစ်​ဖြစ်​ ကိုက ခန့်​တုန်းပဲ ...သိလား ..

မ​နေ့က Minor operation ​လေး တစ်​ခု ဝင်​ရ​သေး ..ကျွန်​မ​လေ စိတ်​ပူလိုက်​ရတာ ...။ ​တော်​​သေးတာ​ပေါ့ ...ဘာမှ မဟုတ်​လို့ ...။

ဆေးရုံမှာ လူနာ​တွေ များကြီးပဲ​နော်​...ဆရာဝန်​​တွေ လည်း များကြီးပဲ ...။

ကို က တ​နေ့တ​နေ့ ​ဆေးသွင်းလိုက်​.....ဓာတ်​​ရောင်​ခြည်​ ကုထုံးလုပ်​လိုက်​နဲ့ ...။ သက်​သာပုံလည်း မရဘူး ..။

တ​နေ့တခြားပိုဆိုးလာသလိုပဲ ...

ဆရာဝန်​​တွေ ​ပြော​တော့ ကင်​ဆာ ​နောက်​ဆုံး အဆင့်​တဲ့ ....ကို ​ပြော​တော့ ​နောက်​ဆုံးအဆင့်​ဆိုတာ ပြန်​​ကောင်းဖို့နီးလာတာတဲ့ ....

ကို ​လျှောက်​​ပြော​နေတာ ထင်​တယ်​ ...။

ကျွန်​မ အခန်း​ထောင့်​က ခုံမှာ ထိုင်​​နေတုန်း ကို ဆန်​ပြုတ်​စား​နေတယ်​ ....အားဖန်​ နဲ့ Mr.Han ကို မနက်​တည်းက မ​တွေ့ဘူး ...။

"Cheng Xing Ren"

အခန်းဝက ​ခေါ်သံကြား​တော့ ကျွန်​မ ကြည့်​မိတာ .. မိန်းက​လေး တစ်​​ယောက်​....

အရမ်းလှတယ်​ ....နတ်​သမီး​လေးလိုပဲ ...။

"မင်းဘာလာလုပ်​တာလဲ ? "

ကို မျက်​လုံး​တွေက ချက်​ချင်း ​အေးစက်​သွားတယ်​ ...သူစိမ်း​တစ်​​ယောက်​ကို စူးစိုက်​ စိမ်းကားစွာ ကြည့်​​နေတယ်​ ...။

"ရှင်​...​နေမ​ကောင်းတာ ကျွန်​မ ကြားလို့ ...ရှင်​ ကင်ဆာ "

"လာ​ပေးတာ ​ကျေးဇူးတင်​​ပေမယ့်​ ပြန်​လိုက်​ပါ​တော့ Mei Yue "

My Last BrideWhere stories live. Discover now