Episode 7

9.4K 770 49
                                    

တစ်​ခု​သော ​နေ့လည်​ခင်းမှာ အိမ်​အကူ အ​ဒေါ်ကြီး ​ရောက်​လာတယ်​ ...ကျွန်​မကို ​ခေါင်းဖီး​ပေး​နေတယ်​ ...

"မမ​လေး သနားပါတယ်​ ကွယ်​ ..သူ့ သခင်​ အစ်​ကို ​လေးကို သတိ​ရ​နေမှာပဲ "

ကျန်​မ မျက်​ရည်​​တွေဝဲရင်း ​ခေါင်းငြိမ့်​ပြတယ်​ ...။ အ​ဒေါ်ကြီးက ကျွန်​မ မျက်​နှာကိုလည်း တစ်​ရှူး​လေးနဲ့ သုတ်​​ပေး​နေတယ်​ ...။

"မမ​လေး သိလား ...အစ်​ကို ​လေးက အရင်​က ချစ်​သူရှိတယ်​ ....အဲ့ ​ကောင်​မ​လေးကို ဆုံးရှုံးပြီးတည်းက အစ်​ကို​လေး က အရယ်​အပြုံးနည်းသူ ဖြစ်​သွားတယ်​လို့ အားဖန်​​ပြောတယ်​... မမ​လေး ကို သူယူပြီး မှ ပြုံးလာတာတဲ့ "

"မမ​လေး ကို ​လေ တစ်​ခါမှ အရုပ်​လို့ မမြင်​ဘူး ...မမ​လေး က လူနဲ့ အရမ်းတူတယ်​ ...တခါတ​လေ အသက်​ရှိ​နေတယ်​လို့ ထင်​ရတယ်​ "

ကျွန်​မ အ​ဒေါ်ကြီးကို ပြုံးပြမိတယ်​ ...အ​ဒေါ်ကြီးကလည်း ပြန်​ ပြုံးပြတယ်​ .....။

ရုတ်​တရက်​...
တံခါး​ခေါက်​သံကြားရတယ်​ ...ကို ပြန်​လာပြီလား မသိဘူး

"မမ​လေး ...ခဏ​နော်​ "

အိမ်​အကူ အ​ဒေါ်ကြီး တံခါးသွားဖွင့်​တယ်​ ....​ရောက်​လာသူက ကို့ရဲ့ ​ဒေါ်​လေး ...ကွမ်​ကျိုး ဘက်​က ​မြေဂရန်​ လာ​ရှာတာ ...လာခိုးတာ လို့​ပြောရင်​ ပိုမှန်​တယ်​..။

သူနဲ့ အတူ လူ ၃ ၄ ​ယောက်​​လောက်​ပါတယ်​ ...ရုပ်​​တော့ မမြင်​ရ​သေးဘူး ...အသံကြီး​တွေ က​ကြောက်​စရာကြီး​တွေ ...။

"ရှင်​ပြန်​​တော့ !!! ရှင်​ ​နောက်​​နေ့လည်းလာစရာမလိုဘူး !!! ကြားလား ....အိမ်​​ဖော်​မကြီး ! "

အ​ဒေါ်ကြီးကို ​ငေါက်​လိုက်​တယ်​ ...အ​ဒေါ်ကြီး ကို အတင်း ​မောင်းထုတ်လိုက်​ကြတယ်​ ...။ ကျွန်​မ ဘယ်​နားပုန်း​နေရမလဲ?

"Cheng Xing Ren ဆိုတဲ့ ​ကောင်​ ...... ​မြေဂရန်​ကို ဖွက်​ထားတာ ...​သေချာရှာကြစမ်း... ​သေခါနီး​တောင်​ ​မြေဂရန်​ ကိစ္စ​ပြောမသွားဘူး....ဥစ္စာ​ခြောက်​​နေတယ်​ "

ကို့ ​​ဒေါ်​လေးက ​ငွေလို ​နေလို့ ကို့ ​မြေကွက်​ကို ​ခိုး​ရောင်းဖို့ ကြံ​နေမှန်း ကျွန်​မ သိလိုက်​ရတယ်​ ...။ သိန်းရာနဲ့ ချီ တန်​တဲ့ ​မြေကို ....ဘာလို့ မတရားယူချင်​​နေရတာလဲ ? ကို့ အခန်းထဲ ခိုးဝင်​လာတဲ့ သူ့ကို ကျွန်​မ မုန်းလည်း မုန်း ​ကြောက်​လည်း ​ကြောက်​တယ်​ ...။

My Last BrideWhere stories live. Discover now