Episode 1

11.9K 897 6
                                    

ကမ္ဘာ​​ပေါ်မှာ အသက်​ရှိတဲ့ သက်​မဲ့ ပစ္စည်း​တွေ ရှိပါတယ်​ ..
ပထမက သစ်​ပင်​တွေ ...သူတို့ ကို ​ရေ​လောင်း​ပေးတဲ့ သူ​တွေ ကို သိပ်​ချစ်​ ...
သူတို့ အိပ်​မက်​က သစ်​ရွက်​လှလှ​လေး​တွေ နဲ့ သူတို့ ချစ်​သူ​တွေကို ကာမိုး​ပေးဖို့တဲ့​လေ ...။

နေဒဏ်​ ..​ရေဒဏ်​ ...​လေဒဏ်​ကြား ..​လောကဓံကို အံတုရင်း စိမ်းနုရောင်​အရွက်​​တွေကြီးလာဖို့ အစာချက်​ ...​ရေ​သောက်​မြစ်​​တွေ ထုတ်​ရင်း ကိုယ့်​ ဘဝကိုယ်​ရှင်​သန်​ခဲ့ရ​လေရဲ့ ...။

နောက်​တစ်​ခုက အရုပ်​​တွေ ...

က​လေး​တွေရဲ့ အချစ်​​တော်​ ...ညအခါ သူတို့​လေး​တွေ အိပ်​မက်​ထဲက သတ္တဝါကြီး​တွေ မလာနိုင်​​အောင်​ ကာကွယ်​​ပေးတဲ့ ဝက်​ဝံ​လေး​တွေ ...။

မိန်းက​လေး​တွေရဲ့ best fri ဖြစ်​တဲ့ အရုပ်​မ​လေး​တွေနဲ့ ...​ယောက်ျား​လေး​တွေရဲ့ ရဲ​ဘော်​ရဲဘက်​စက်​ရုပ်​​တွေ ..။

အဲ့ဒါအပြင်​ ...

အထီးကျန်​​နေတဲ့ လူကြီး​တွေ ...မိသားစုနဲ့ကင်းကွာ​နေတဲ့ အိမ်​လွမ်း​တွေ ...တွယ်​တာရာမဲ့ လူပျိုကြီး​တွေအတွက်​ ကျွန်​မတို့လို silicon dutch wife သက်​ရှိလူ လို အရုပ်​​မလေး​တွေ ...။

ကုန်​စည်​ပြပွဲမှာ ကျွန်​မ show case ထဲထိုင်​​နေတုန်း ...သူ​ရောက်​လာတယ်​ ...

"ကျွန်​​တော့်​ အိမ်​ကို ပို့​ပေးပါ ..လိပ်​စာ​ပေးခဲ့မယ်​ "

ချက်​လက်​မှတ်​နဲ့ ​ငွေ​ချေသွားတဲ့ သူ့​ကျောပြင်​ကို ကျွန်​မကြည့်​ရင်း နားမလည်​လိုက်​တာက ...သူ့လို ​ချော​မောပြည့်​စုံတဲ့ လူတစ်​​ယောက်​က ...ဘာလို့ ကျွန်​မလို အရုပ်​ကို လိုချင်​ရတာလဲ ?

ကျွန်​မ သူ့အိမ်​ကို​ရောက်​​တော့ သားနားတဲ့ ဧည့်​ခန်းတစ်​ခုကို ​တွေ့လိုက်​ရတယ်​ ...သူ ကျွန်​မကို ဘယ်​လို နာမည်​​ပေးရမလဲ စဉ်းစား​နေတယ်​ ...နာမည်​လှလှ ​လေး​တွေ သူတတ်​နိုင်​သေ​လာက်​ ရှာကြည့်​ပြီး​တော့ Yuan Yuan လို့ ​ပေးဖို့ သူ​ရွေးချယ်​လိုက်​တယ်​ ...။

"မင်္ဂလာပါ Yuan Yuan ...ကိုယ်​ က Xing Ren ပါ ...မင်းနဲ့ လက်​ထပ်​ရမယ့်​ သူ​ပေါ့ "

My Last BrideWhere stories live. Discover now