* Behind the story *

6.5K 657 34
                                    

....Annyeong hasaeyo .....

အားလုံး မင်္ဂလာပါ ^^
ဒီ Fic ​လေး ကို ဖတ်​​ပေးကြလို့ ​ကျေးဇူးတင်​ပါတယ်​ ......

Vote ​တွေ ​ရော feedback ​တွေ ​ရော
သူငယ်​ချင်း အချင်းချင်း လက်​တို့​ကြော်​ငြာ​ပေးကြတာ​လေး​တွေ ​ကြောင့်​​ရော ....MLB က အခုလို လူသိများလာတာပါ ...
ကျေးဇူးပါ .....

My last bride က တကယ်​​တော့ သတင်းဆစ်​ပုဒ်​ပါ ...ရိုးရာ​လေး page မှာ စဖတ်​မိတာပါ ....

အစက​တော့ ရိုးရိုးပါပဲ ....​သြော်​ .....သနားပါတယ်​​ပေါ့ ....

နောက်​​တော့ Cmt ​တွေ ဝင်​ဖတ်​မိ​တော့ ...

အောက်​မှာ​ မျိုးချစ်​​တွေ တရားသမားကြီး​တွေ ဆဲထားလိုက်​ကြတာ ....ရစရာမကျန်​ဘူး ...negative comment ​တွေ ချည်းပဲ ....

မူရင်း သတင်း Website ​တွေ လိုက်​ရှာ ကြည့်​တော့ ... Daily Mail UK ​အောက်​က Reader ​တွေ ...နိုင်​ငံခြားသား​တွေ​ပေါ့ ....သူတို့ဆီ မှာ လည်း ဒီမှာလို မျိုးချစ်​​တွေ ဆရာကြီး​တွေ ရှိပုံရတယ်​ ......Asians are crazy ....Crazy Asians marry sex doll ...lol ....stupid dumb ...စသဖြင့်​ ​သူတို့အတွဲကို ဝိုင်း ​ပြောကြတာ ...... စိတ်​မ​ကောင်းစွာ ထပ်​​တွေ့ရပြန်​ပါတယ်​ ......

ဒါနဲ့ ပဲ ​လောကကြီး ကို မ​ကျေနပ်​တာနဲ့ My last bride ကို ​ရေးဖြစ်​ခဲ့တယ်​ဆို​ပါ​တော့ ......​နောက်​ဆုံးသတို့သမီး ​ပေါ့ ......
တကယ်​​တော့ my last bride လို့ နာမည်​​ပေးတာ ဇာတ်​လမ်းနဲ့ မဆိုင်​ပါဘူး ...my last fic လို့ ​ပြောချင်​မိတာပါ ......

အဲ့ အချိန်​က ယိုကိုယ်​တိုင်​လည်း အရမ်း ကိုစိတ်​ဓာတ်​ကျ​နေတဲ့ အချိန်​ ...​"​နောက်​ထပ်​ တစ်​နာရီ​တောင်​ အသက်​မရှင်​ချင်​​တော့ဘူး " ဆိုတဲ့ mood မျိုး ဖြစ်​​နေခဲ့​လေ​တော့ ဒီ fic ​လေး ​နောက်​ဆုံး​ရေး .....author ဘဝ အဆုံးသတ်​မယ်​​ပေါ့ ဗျာ ( ဒါ​ပေမယ့်​ .... ဒီ fic ​လေးဟာ ​ရှေ့ဆက်​ဖို့ တွန်းအား​တွေ ​ပေးခဲ့တယ်​ )

သတင်း ဖတ်​ချင်​ရင်​ google မှာ " terminal cancer patient marry to sex doll " လို့ရှာပြီး ကမ္ဘာတစ်​လွှား က သတင်း ဝက်​ဘ်​ဆိုက်​က ​ဆောင်းပါး​တွေ ကို ဖတ်​လို့ရပါတယ်​ ....

နောက်​တစ်​ခုက ဇာတ်​လမ်း ....

တကယ်​က ယို ​သေချာမသိဘူး ....ယို သိတာ​တော့ ယို​ရေး​နေတုန်းက​တော့ သူ အသက်​ရှင်​​နေ​သေးတယ်​ ...Nov 6 မှာ သူတို့ wedding photo ရိုက်​တယ်​ ....Nov 8 မှာ သတင်းတက်​လာတယ်​ ......ယို Nov 10 မှာ ချက်​ချင်း အပိုင်း ၁ စ​ရေးတာ .....ချက်​ချင်း ကို သူတို့ဘက်​က ကာကွယ်​မယ်​ဆိုပြီး ​ကောက်​​ရေးတာကိုး ....

You've reached the end of published parts.

⏰ Last updated: Oct 16, 2016 ⏰

Add this story to your Library to get notified about new parts!

My Last BrideWhere stories live. Discover now