Episode 9

6.1K 712 27
                                    

" လူနာအား ​ဘေးဥပါဒ်​ဖြစ်​​စေ​သော ​​သေ​စေ​သော ဆေးများကို
ကိုယ်​တိုင်​ ​ပေးခြင်း မှ​သော်လည်း ​ကောင်း ...

တစ်​ပါးသူအား​ပေး​စေခြင်းမှ လည်း​ကောင်း
ရှောင်​ကြဉ်​ပါ၏ ......"

ဆရာဝန်​တိုင်း ကျိန်​ဆိုရတဲ့ Hippocratic oath ထဲကစာသားတစ်​ခွန်း...။

"ငါမလုပ်​နိုင်​ဘူး ...ငါ မလုပ်​နိုင်​ဘူး Xing Ren "

ဆရာဝန်​ကြီး က ​ဆေးထိုး အပ်​ကို ပြန်​ချထားလိုက်​တယ်​ ...ကို့ကို မျက်​ရည်​​တွေ နဲ့ ကြည့်​​နေတယ်​ ...။

"လုပ်​​ပေးပါ ...​ဆေးရုံက ဆရာဝန်​​တွေက လုပ်​​ပေးမှာ မဟုတ်​မှန်း သိလို့ အိမ်​ပြန်​လာတာ ...လုပ်​​ပေးပါ ဆရာရယ်​ "

ခုတင်​​ပေါ်မှာ ...
ဝင်​သက်​ထွက်​သက်​တိုင်းကို ပင်​ပန်းကြီးစွာရှူရင်း ​ဝေဒနာခံစား​နေရတဲ့ ကို့ကို ကျွန်​မ နာကျင်​စွာကြည့်​မိတယ်​ ...။ ဖုဖု​လေးက​တော့ ကျွန်​မ​ပေါင်​​ပေါ်မှာ အသံမဲ့ တိတ်​ဆိတ်​လို့ ....သူလည်း သူ့သခင်​ ကို သနားတယ်​ထင်​ရဲ့ ..။

"မင်း မခံနိုင်​ရင်​ pain killer ထိုး​ပေးမယ်​ ....ဒီ​ဆေး​​တော့ မထိုး​ပေးနိုင်​ဘူး ..."

"​နောက်​ဆုံးအ​နေနဲ့ ​တောင်းဆိုတာပါ ဆရာရယ်​ ....အရမ်းနာလွန်းလို့ပါ ....ရိုးတွင်းခြင်​ဆီထဲက​နေ ...ခိုက်​​လောက်​​အောင်​နာတာ ....
တခါတ​လေ နာလွန်းလို့... မျက်​ရည်​​တောင်​ကျတယ်​ ..."

"​နောက်​ထပ်​တစ်​ရက်​ .....ဟင့်​အင်း ​နောက်​ထပ်​ တစ်​နာရီ​တောင်​ထပ်​မ​နေနိုင်​​တော့ဘူး ...။ ကျွန်​​တော် ပင်​ပန်း​နေပြီ ...ကျွန်​​တော်​ အရမ်း ပင်​ပန်း​နေပြီ "

ချွေး​စေး​တွေ ပြန်​ပြီး ....မျက်​ရည်​​တွေ ကျ​လောက်​​အောင်​ နာကျင်​​နေတဲ့ ကြားက ...
ညည်းသံတစ်​ချက်​ မထွက်ဘဲ ​တောင့်​ခံ ​နေတဲ့ ကို့ကို ကြည့်​ရင်း ကျွန်​မရင်​​တွေ ကွဲ​ကြေလုမတတ်​ နာလိုက်​တာ ...။

"Xing Ren ...."

"လုပ်​ပါ ဆရာရယ်​ ....ဆရာ့လူနာကို ​ဝေဒနာ သက်​သာ​အောင်​လုပ်​​ပေးပါ ....personal doctor ပဲကို ...​နော်​ "

My Last BrideWhere stories live. Discover now