ကျွန်တော်ရဲ့ ပွယောင်းနေတဲ့ဆံပင်တွေကိုမှန်ထဲကနေကြည့်ပြီးတော်တော်စိတ်ပျက်မိသည်။ကောင်းကောင်းမအိပ်ရသေးတဲ့အတွက် မျက်ကွင်းညိုတွေကိုလည်း အထင်းသားမြင်နေရသည်။
ခုချိန်မှပဲထဖျားသည့် Minseok ကိုစိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။အမှန်ဆိုရင် ကျွန်တော်ခုချိန်မှာနောက်ဆုံးစာမေးပွဲကြီးအတွက်စာကျက်နေသင့်တာပါ။ အဲ့ဒါကြောင့်လည်းအိပ်ရေးမဝတဲ့ရက်တွေများပြီး ခု လိုမျိုးလူက လေးလံထိုင်းမှိုင်းနေတာပါ
" တကယ်အားနာပါတယ် suho ရယ်...ငါလည်းဘယ်လိုမှမသွားနိုင်လို့မင်းကိုသွားခိုင်းရတာပါ"
နေမကောင်းတာတောင် ပါးဖောင်းဖောင်းရဲရဲလေးများနှင့်အတူ မျက်လုံးလေးများကအရောင်တောက်နေသော Minseok ကို Suho ကြည့်ပြီး ..
"အင်း ရပါတယ်..ဒါပေမယ့် ငါသူ့အကြောင်းဘာမှမသိဘူးနော်..."
ကျောင်းသတင်းစာရဲ့ ပင်တိုင် အယ်ဒီတာ Minseok ရဲ့ အင်တာဗျူး တစ်ခုကို ကျွန်တော် ကအစားသွားလုပ်ပေးရမှာမို့ နည်းနည်းတော်စိတ်လှုပ်ရှားမိသည်...ကျွန်တော်တစ်ခါမှမလုပ်ဖူးသည့်အရာ ကြောင့်မို့ဘာလုပ်ရမှန်းလည်းမသိ..
"ငါက သူဘယ်သူမှန်းတောင် မသိတာ ဘာတွေကိုဘယ်လိုမေးရမှာလဲ.."
"မလိုဘူး...ငါမေးခွန်းတွေအကုန်လုံး ပြင်ဆင်ပေးထားတယ်...မင်းကသူ့ကိုအဲ့မေးခွန်းလေးတွေမေးရုံပဲ.."
ကျွန်တော် လည်းပေါ့ပေါ့ပါးပါး တီရှပ်နဲ့ ဂျင်းအမဲ ကိုသာ ဝတ်လိုက်ပြီး ဆံပင်ကိုလည်း ဂျယ်လ် နည်းနည်း နဲ့သာပွတ်လိုက်ပြီး တဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ပြင်ဆင်မှုကပြီးဆုံးသွားသည်။"ငါလည်း .. ဒီအင်တာဗျူးကိုမေးလို့ရဖို့အတွက် ၉ လလောက်အချိန်ပေးခဲ့ရလို့ပါ... ပြန်ရွေ့ဖို့ဆိုရင်လည်း ဘွဲ့ရတဲ့ထိဖြစ်သွားမှာ..."
"အင်းပါကွာ... ငါသွားတော့မယ်..ဘာမှာအုန်းမလဲ..ဝယ်ခဲ့ပေးမယ်လေ.."
"အင်း..အအေးမိပျောက်ဆေးတစ်ခုလောက်ဝယ်ခဲ့ပေးပါ.."
****
****
****မနက်စောစောပိုင်းမို့လို့ထင်သည် ကားလမ်းများကလည်း ရှင်းလင်းနေသည်။ကျွန်တော်လည်း Minseok ပေးလိုက်တဲ့ လိပ်စာအတိုင်း မောင်းလာခဲ့တာ နောက်ဆုံးမှာတော့ အထပ်၂၀ အဆောက်အအုံတစ်ခုရှေ့ကိုရောက်လာခဲ့သည်။
YOU ARE READING
Filthy Shades Of Wu (BDSM KrisHo)
FanfictionBased on Fifty Shades of Grey story but not exactly. This is a boyxboy (yaoi) version . I chose Kris as Grey and Suho as Anna. Enjoy and judge my translation skill.Thank you