Ch..6

2.9K 227 12
                                    


သူက ကျွန်တော့်အတွက် ကားတစ်ကားဖွင့်ပေးပြီးတော့ မှ ကားမောင်းသူနေရာ ဝင်ထိုင်လိုက်သည်... တန်ဖိုးကြီး Audi ကားအတွင်းမှာတော့ ကျွန်တော်မှာ အိမ်မက်ထဲလမ်းလျှောက် နေသလို ခံစားနေရတယ်...ဓာတ်လှေကားထဲက အဖြစ်အပျက်တွေက မှော်ဆန်လွန်းလှပါတယ်..
ကျွန်တော် အတွက်တော့ သူအပြုအမူတွေက စိတ်ကူးယဉ်ဆန်လှပါတယ်......
သူက ကျွန်တော့်ကို အများကြီးပြောင်းလဲနိုင်တာပဲ...
အခုချိန်မှာ ကျွန်တော် သူ့ ကိုလိုချင်နေမိတယ် ပြင်းပြင်းပြပြ ကိုလိုချင်နေတာပါ.....

သူကို လှည့် ကြည့်တော့ ထုံးစံ အတိုင်း တည်တည်ငြိမ်ငြိမ် နဲ့ အေးဆေးစွာ ကားစက်နိုးလိုက်သည်....မတရားလိုက်တာနော်
ကျွန်တော့်မှာသာ ကယောက်ကယက် တွေဖြစ်နေတာ...

"ဘာ သီချင်း နားထောင်မလဲ.."

"အင်း..ရပါတယ်... ကြိုက်တဲ့သီချင်းဖွင့်ပါ.."

ခဏအကြာမှာတော့ ကားထဲမှာ ရှေးခေတ် အင်္ဂလိပ် ဂန္တဝင် သီးချင်းသံစဉ် လေးတွေပျံနှံ လာခဲ့တယ်....
သီချင်း သံစဉ်ကို အသုံးပြုပြီး သူက လူတွေကို ဆွဲဆောင်တတ်လားတော့ကျွန်တော်မသိပါဘူး.....ဒါပေမယ့် ကျွန်တော်ကတော့ သံစဉ်တွေနဲ့အတူ သူ့ကိုပို စွဲလမ်းလာမိတယ်.....

"ကျွန်တော် ထပ်နားထောင်ချင်သေးတယ်....ပြန်ဖွင့်ပေးပါလားဟင်..."

"Classic သီချင်းတွေက မင်းအကြိုက်လား Suho.."

"ကျွန်တော်က အမျိုးစားမရွေး ကြိုက်တတ်ပါတယ်...ဒါပေမယ့်  အခုသီချင်းကို ဘယ်သူဆိုမှန်းတောင် မသိပါဘူး....ဒါပထမဆုံးနားထောင်ဖူးတာပါ.."

သူကကျွန်တော့်ကို ပြုံးစစ တစ်ချက်ကြည့်ပြီး ပြန်လှည့်ပြီး ကားမောင်းတာကို ပြန်အာရုံစိုက်လိုက်သည်...

"ဒီသီချင်း က ၁၆ ရာစုလောက်က သီချင်းပါ....ကိုယ်မင်းကို တစ်နေ့တော့ တီးပြ ပါမယ်...."

သူက ကျွန်တော့ကို ပြောနေရင်းနဲ့ သီချင်းကို ပြန်ဖွင့်လိုက်သည်..... ဟူး....Kris Wu ရဲ့ဆွဲဆောင်နိုင်အား တွေက ကုန်ကိုမကုန်နိုင်ပါလား...

ဖုန်းသံ တတီတီ က သီချင်းသံကြားကို ထိုးဖောက်ဝင်ရောက်လာခဲ့တယ်....သူကတော့ စတီယာရင်ပေါ်က ခလုတ် တစ်ခုကိုနှိပ်လိုက်ပြီး ဖုန်းလက်ခံပြော်နေတယ်လေ......

Filthy Shades Of Wu (BDSM KrisHo)Where stories live. Discover now