Ch..4

2.9K 215 5
                                    

ကျေးဇူးပြုပြီး နမ်းစမ်းပါဟု သာစိတ်ထဲကအကြိမ်ကြိမ် ရေရွတ်ရင်း မလှုပ်ရှားနိုင်ဖြစ်နေမိသည်။ သူ့ရဲ့ နက်မှောင်တဲ့မျက်ဝန်း နဲ့ ခန့်ညားတဲ့ ရုပ်ရည်ကို အလွတ်မှတ်ရင်း နဲ့ကို လူက အကြောသေ နေသလို ဖြစ်နေမိတယ်......ငါမင်းရဲ့ရင်ခွင်ထဲမှာလေ နမ်းလိုက်စမ်းပါဟုသာ တရဆက်ဆုတောင်းနေတယ်

သူကတော့ အသက်ရှုသံ ကပုံမှန်ထက် ပိုပြင်းထန်နေတယ်လို့ ကျွန်တော်ထင်တယ်....ခဏနေမှသူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး...ခေါင်းကိုရမ်းလိုက်ပြီး

" Suho.... မင်းကိုယ် နဲ့ ရင်းရင်းနှီးနှီး မနေသင့်ဘူး..ကိုယ်ကမင်းအတွက် သင့်တော်တဲ့လူမဟုတ်ဘူး...."

သူက ခပ်တိုးတိုးလေး ရေရွတ်လိုက်တယ်....သူဘာကိုဆိုလိုတာလဲ...

" စိတ်အေးအေးထားပါ...ကိုယ်မင်းကို လွှတ်တော့မယ်နော်...ဖြေးဖြေးချင်း ရပ်ကြည့်နော်.."

သူက ကျွန်တော့်ကို အမျိုးအမည်မဖော်ပြနိုင်တဲ့ ရှက်ရွံမှုနဲ့ ပျော့ခွေကျစေ အောင်လုပ်နေသလိုပါပဲ...... သူက ကျွန်တော့်ပုခုံးကို ကိုင်ထားပြီး ကျွန်တော် အဆင်ပြေမပြေ ကြည့်နေတယ်..... ကျွန်တော် ခုချိန်မှာတွေးနိုင်တာကတော့ ကျွန်တော်ကသာအနမ်းခံချင်နေပြီး သူကကျွန်တော်ကို အလိုမရှိဘူးဆိုတာပါပဲ... ကျွန်တော် မနက်စောစော စီးစီး အရှက်ကွဲ တာပါပဲ..

"ကျွန်တော် ဘာမှမဖြစ်ပါဘူး....ကယ်ပေးတာ ကျေးဇူးပါ.."

"အင်း...ကားမောင်းတဲ့သူကလဲ..နည်းနည်းတောင် အရှိန်မလျော့ဘူး..ကိုယ်ရှိလို့သာပေါ့.....အဆင်မပြေသေးရင် ဟိုတယ်မှာ ခဏလောက်နားပြီးမှပြန်ပါလား..."

ချက်ချင်းကိုခေါင်းခါပြီး ကျွန်တော်ငြင်းလိုက်မိသည်.... လော်လော်ဆယ် ကျွန်တော် ပြန်ချင်တာပဲသိတယ်.... ကျွန်တော် မျော်လင့်ချက်အားလုံးကြေမွသွားပြီပဲ..သူကကျွန်တော်ကိုအလိုမရှိဘူးပဲ...ကျွန်တော် ကိုယ့်ကိုကိုယ် ကျိန်ဆဲမိလိုက်တယ်..ဟုတ်တယ်လေ Kris Wu လိုလူမျိုးကဘာကြောင့် ကျွန်တော်နဲ့ ပက်သက်ချင်မှာလဲ.... ကျွန်တော်သူ့ကို မျက်နှာချင်းတောင် မဆိုင်ရဲတော့ပါဘူး...

Filthy Shades Of Wu (BDSM KrisHo)Where stories live. Discover now