Ch..9 (18++)

5.6K 228 15
                                    

အခန်းထဲကို နေရောင်ဖျော့ဖျော့ လေးရဲ့ နွေးထွေးမူတွေ လွှမ်းခြုံလာမှပဲ ကျွန်တော် အိမ်ရာကနေ ကြည်ကြည် လင်လင် နိုးလာခဲ့တယ်....
အိပ်ရေး ဝဝ အိပ်ထားရတဲ့ တိုင်အောင် ကျွန်တော် အပျင်းကြော တစ်ချက်ဆန့် လိုက်ပြီး ဘေးဘီ ကို ကြည့်လိုက်တော့ ဆိုးလ်မြို့ ရဲ့ မနက်ခင်းကို အပ်ါစီးကနေ မြင်လိုက်ရတာကြောင့် ကျွန်တော် တော်တော် သဘောကျသွားရတယ်

ကျွန်တော့် ဘေးမှာတော့ kris ကအိပ်နေတုန်းပါပဲ
သူ ဒီလောက်ထိ အိပ်နိုင်မယ်တောင် မထင်ထားမိဘူး
သူအိပ် နေမှပဲ ကျွန်တော်လည်း သူမျက်နှာကို သေချာလေ့လာ ခွင့် ရတော့တယ် သူက အိပ်နေတုန်းမှာပိုငယ်သလို ထင်ရသည်.....
နူတ်ခမ်းဖူးဖူးလေးတွေက အနည်းငယ် ဟနေတာကြောင့် လူလား နတ်သားလားတောင် မဝေခွဲနိုင်အောင် ပြည့်စုံလွန်းနေတယ်

သူကိုကြည့်လိုဝမှ ကျွန်တော်လည်း အိပ်ရာပေါ်က ဆင်းပြီး ရေချိုးခန်း ထဲဝင်ဖို့ ပြင်လိုက်တယ်
ကြမ်းပြင် ပေါ် က သူ့ အင်္ကျီကို ယူဝတ်လိုက်ပြီး ရေချိုးခန်း လို့ထင်ရတဲ့ တံခါးကိုဖွင့်လိုက်တယ်......
ဖွင့်ပြီးမှပဲ သူ့ အဝတ်တွေထားတဲ့အခန်းမှန်းသိလိုက်ရတယ်
လူတစ်ယောက်က ဒီလောက်များတဲ့ အဝတ်တွေ လို လို့လား

နောက်ထပ်တံခါး ကို သွားဖွင့်မှပဲ ရေချိုးခန်းကို တွေ့တော့တယ် ... သူ့ရေချိုးခန်းက ကျွန်တော့်ရဲ့ အိပ်ခန်း ထက်တောင် ကြီးနေပါလား....

ကိုယ်ပုံကိုယ် မှန်ထဲမှာ ပြန်ကြည့်ပြီး အံဩနေမိတယ်
အရင် နေတွေကအတိုင်း ဆံပင်တွေက ပွယောင်းပြီး မျက်နှာမှာလည်း ထူးထူးခြားခြား မပြောင်းလဲပေမယ့်
ကျွန်တော် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာပါ
အထူးသဖြင့် အောက်ပိုင်းက လမ်းလျှောက်တိုင်း စူးခနဲ့ ဖြစ်လာတယ်လေ..... သူ့နဲ စာချုပ် ချုပ်ပြီး အတူနေခိုင်းတာဟာ လိင်ကျွန် ဆိုတာထက်ဘာထူးမှာ လဲ... Minseok သာသိရင် ကျွန်တော့်ကို ဆဲဆိုမှာ မြင်ယောင်သေးတယ်..

Minseok ဆို မှ ညက Minseok ကို တစ်ည လုံးဖုန်းမခေါ်ရသေးဘူးပဲ....
ထင်တဲ့ အတိုင်းညက Minseok ဆီက Miss call နဲ့ Message တွေက အပြည့်

ကျွန်တော်ဖုန်း ဆက်လိုက်တော့ Minseok မကိုင်တော့ပါ..... ကြည့်ရတာ အိပ်နေတုန်းထင်တယ်...
Message သာပြန်ပို့လိုက်တော့တယ်...

Filthy Shades Of Wu (BDSM KrisHo)Where stories live. Discover now