Ch..3

3.3K 228 9
                                    

"သူက ဒီဘက်ကို ဘာလာလုပ်တာတဲ့လည်း.."

Minseok က အံဩစွာနဲ့မေးလိုက်တယ်....

"အင်း..စိုက်ပျိုးမြေတွေလာကြည့်တာလို့တော့ပြော်တာပဲ.."
"ဓာတ်ပုံက မနက်ဖြန်ရိုက်ရင် အဆင်ပြေမယ်ထင်တယ်...သူ့ကို ဘယ်လိုဆက်သွယ်ရမလဲ.."

"သူ..ငါ့ကို သူ့ ဖုန်းနံပါတ်ပေးသွားတယ်..."

"ဘယ်လို..... ကိုရီးယားနိုင်ငံရဲ့ အသက်အငယ်ဆုံး ဘီလီယံနာ က မင်းကို သူ့ဖုန်းနံပါတ်ပေးသွားတယ်...သေချာတယ် သူမင်းကိုကြွေနေပြီ...."

" မဟုတ်ပါဘူးကွာ...ဒီတိုင်း လူကြီးလူကောင်းပီပီသသ ဆက်ဆံပေးနေတာပဲ ဖြစ်မှာပါ.."

ပြော်သာပြော်နေရတာ... Kris Wu ဆိုတာချိုချိုသာသာ ပြော်ဆိုတတ်သူ မဟုတ်ဘူးလို့ သတင်းကြီးနေတဲ့သူပါ...
သူကျွန်တော့်ကို သဘောကျနေတာလည်း ဖြစ်နိုင်တာပဲလေ....ပြီးတော့ Minseok မလာပဲ ကျွန်တော်လာခဲ့တာကို ဝမ်းသာတယ်လို့ သူပြော်သွားသေးတာပဲလေ...ကျွန်တော်ရင်ထဲမှာတော့ ကြည်ကြည်နူးနူးလေး ဖြစ်သွားရသည်....

"အင်း...ဘယ်သူကို ဓာတ်ပုံရိုက်ခိုင်းရမလဲ... Lay ဆိုအဆင်ပြေမလား..ဘယ်လိုထင်လဲ.."

"အိုကေ...ကောင်းတယ်..Suho မင်း Wu Kris ကိုဖုန်းဆက်ပြီး location ရွေးထားလိုက်လေ...."

"ငါက ဆက်ရမှာလား.."

"အင်းလေ...မင်းပဲသူနဲ့ ရင်းနှီးနေတာလေ.."

"Suho hyung.... hyung ကဘယ်လိုလုပ် Wu kris နဲ့သိတာလဲ..."

အလုပ်ဆင်းခါနီးမို့ Minseok ကအတူတူပြန်ရန်လာခေါ်တာကြောင့် အခုထိုင်ပြီးစကားပြော်နေခြင်းဖြစ်သည်...
ဘယ်တုန်းကတည်းက စပ်စုချင်နေမှန်းမသိသော sehun ကဝင် စပ်စုလာခြင်းဖြစ်သည်...

Sehun ဆိုတာလည်း suho ကို အကိုတစ်ယောက်လိုအမြဲတမ်း ကပ်ချွဲနေကြသူပါ...တစ်ခါတစ်ခါသူနဲ့ date လုပ်ပေးဖို့ပါတောင်းဆိုတတ်သူဖြစ်သည်..
ကလေးတစ်ယောက်လို ပြော်ဆိုတတ်သူလည်းဖြစ်သည်..

*****
*****
*****
Lay နဲဖုန်းဆက်ပြီး အကူညီတောင်းပြီးနောက်မှာတော့ Minseok ကျွန်တော်ရှေ့ကိုဖုန်းလာချပြီး...

"ကဲ..အားလုံးအဆင်ပြေပြီ....မင်း Wu Kris ဆီဆက်ပြီး ဘယ်အချိန်ဘယ်နေရာ မှာအဆင်ပြေလဲမေးလိုက်တော့....အခုဆက်.."

Filthy Shades Of Wu (BDSM KrisHo)Where stories live. Discover now