Ch..1

9.6K 280 12
                                    

ကျွန်တော်ရဲ့ ပွယောင်းနေတဲ့ဆံပင်တွေကိုမှန်ထဲကနေကြည့်ပြီးတော်တော်စိတ်ပျက်မိသည်။ကောင်းကောင်းမအိပ်ရသေးတဲ့အတွက် မျက်ကွင်းညိုတွေကိုလည်း အထင်းသားမြင်နေရသည်။
ခုချိန်မှပဲထဖျားသည့်  Minseok ကိုစိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။

အမှန်ဆိုရင် ကျွန်တော်ခုချိန်မှာနောက်ဆုံးစာမေးပွဲကြီးအတွက်စာကျက်နေသင့်တာပါ။ အဲ့ဒါကြောင့်လည်းအိပ်ရေးမဝတဲ့ရက်တွေများပြီး ခု လိုမျိုးလူက လေးလံထိုင်းမှိုင်းနေတာပါ

" တကယ်အားနာပါတယ် suho ရယ်...ငါလည်းဘယ်လိုမှမသွားနိုင်လို့မင်းကိုသွားခိုင်းရတာပါ"

နေမကောင်းတာတောင် ပါးဖောင်းဖောင်းရဲရဲလေးများနှင့်အတူ မျက်လုံးလေးများကအရောင်တောက်နေသော Minseok ကို Suho ကြည့်ပြီး ..

"အင်း ရပါတယ်..ဒါပေမယ့် ငါသူ့အကြောင်းဘာမှမသိဘူးနော်..."

ကျောင်းသတင်းစာရဲ့ ပင်တိုင် အယ်ဒီတာ Minseok ရဲ့ အင်တာဗျူး တစ်ခုကို ကျွန်တော် ကအစားသွားလုပ်ပေးရမှာမို့ နည်းနည်းတော်စိတ်လှုပ်ရှားမိသည်...ကျွန်တော်တစ်ခါမှမလုပ်ဖူးသည့်အရာ ကြောင့်မို့ဘာလုပ်ရမှန်းလည်းမသိ..

"ငါက သူဘယ်သူမှန်းတောင် မသိတာ ဘာတွေကိုဘယ်လိုမေးရမှာလဲ.."

"မလိုဘူး...ငါမေးခွန်းတွေအကုန်လုံး ပြင်ဆင်ပေးထားတယ်...မင်းကသူ့ကိုအဲ့မေးခွန်းလေးတွေမေးရုံပဲ.."
ကျွန်တော် လည်းပေါ့ပေါ့ပါးပါး တီရှပ်နဲ့ ဂျင်းအမဲ ကိုသာ ဝတ်လိုက်ပြီး ဆံပင်ကိုလည်း ဂျယ်လ် နည်းနည်း နဲ့သာပွတ်လိုက်ပြီး တဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ပြင်ဆင်မှုကပြီးဆုံးသွားသည်။

"ငါလည်း .. ဒီအင်တာဗျူးကိုမေးလို့ရဖို့အတွက် ၉ လလောက်အချိန်ပေးခဲ့ရလို့ပါ... ပြန်ရွေ့ဖို့ဆိုရင်လည်း ဘွဲ့ရတဲ့ထိဖြစ်သွားမှာ..."

"အင်းပါကွာ... ငါသွားတော့မယ်..ဘာမှာအုန်းမလဲ..ဝယ်ခဲ့ပေးမယ်လေ.."

"အင်း..အအေးမိပျောက်ဆေးတစ်ခုလောက်ဝယ်ခဲ့ပေးပါ.."

****
****
****

မနက်စောစောပိုင်းမို့လို့ထင်သည် ကားလမ်းများကလည်း ရှင်းလင်းနေသည်။ကျွန်တော်လည်း Minseok ပေးလိုက်တဲ့ လိပ်စာအတိုင်း မောင်းလာခဲ့တာ နောက်ဆုံးမှာတော့ အထပ်၂၀ အဆောက်အအုံတစ်ခုရှေ့ကိုရောက်လာခဲ့သည်။

Filthy Shades Of Wu (BDSM KrisHo)Where stories live. Discover now