YOU

189 22 0
                                        

ဆောင်းအကုန်​ ​နွေအကူး​ ​လေရူးတသုန်​သုန်​ဖြူးသလို မင်းက ငါ့အချစ်​​တွေကို ​လေရူးလိုလှုပ်​ခါနှိုးနိုင်​သူပါ

မင်းအပြုံးတချက်​က ​နွေဦးကာလကျတဲ့မြူ​တွေလို ​အေးချမ်း​မှုနဲ့အတူ ​နွေး​ထွေးမှု​တွေနဲ့ ​ထောင်​စုနှစ်​​ပေါင်းများစွာ အန္တာတိက​ရေခဲ​​တောင်​​တွေကြား ​ရေခဲရိုက်​ထားသလို ​အေးစက်​မာ​ကျော​နေတဲ့ ငါ့နှလုံးသားကို နိုးထ​စေခဲ့သူပါ

မင်းအကြည့်​တချက်​က ပင်​လယ်​ပြင်​ကို ဖြတ်​တိုက်​လာတဲ့ ​လေ​ပြေ​လေး​တွေ​ကြောင့်​ ဖြစ်​​ပေါ်လာတဲ့ လှိုင်းကြပ်​ခွက်​က​လေးများလို ငါ့ရင်​ခုန်​သံကို လှပစွာကခုန်​​စေသူပါ

မင်းကကွက်​​လေး​တွေက မိုးစက်​​လေး​တွေကခုန်​​နေသလို ငါ့နှလုံးသားကို လှပကာရန်​ညီစွာ ကခုန်​​စေသူပါ

မင်းကို ပိုင်​ဆိုင်​ခွင့်​ရသူ မဖြစ်​နိုင်​ရင်​​တောင်​ မင်းကိုချစ်​တဲ့ ငါ့အချစ်​​တွေကို ထာဝရငါ့နှလုံးသားထဲ သိမ်းဆည်းခွင့်​​တော့ ခွင့်​ပြု​ပေးပါ ချစ်​သူရာ

                                   Twinkle

POEMS That are not poems (ကဗျာမဟုတ်​​သောကဗျာများ) Where stories live. Discover now