မွေးတစ်ခါ သေတလှည့်
လူ့ဘဝသက်တမ်း ဖြစ်ပျက်သဘော
မလွန်ဆန်နိုင်စွာ
မွေးဖွားရာတွင် လက်ခုပ်ဩဘာတီးကာ
ကြိုဆိုကြသည်
နှုတ်ဆက်ထွက်ခွာ ကွယ်လွန်ချိန်တွင်
မျက်ရည်များဖြင့် နှုတ်ဆက်ကြသည်
နောက်ဆုံးတွင်တော့ သုသာန်တစပြင်
၎ပေ×၆ပေ မြေကွက်လေး၌
အဆုံးသတ်ကြရသည်
သားသမီး၊မြေးများ အောက်မေ့ဖွယ်ရာ
နေရာတစ်ခုအဖြစ်သာ တည်ရှိကြသည်
တစ်နှစ်တစ်ခေါက် မရောက်ပါဘဲ
နေရာမေ့ကာ ရွက်ခြောက်သစ်ပင်
နွယ်ပင်များကြား ဖြူ ဖြူ ဖွေးဖွေး
အုတ်ဂူလေးသည် ရေးထွင်းထားရာ
နာမည်လေးပင် ပျက်လုနီးနီး
တည်နေရာပင်မေ့ကာ ဝန်ထမ်းများအား
မေးမြန်လေသော် ခုနှစ်မေး၍
အဖြေမရ တဝဲလည်လည်
ထိုနေရာ၌ ဟိုဒီပြေးကာ
ရှာဖွေရသည် တရားကျဖွယ်
မြင်ကွင်းပေတည်း
တနေ့နေ့ တချိန်ချိန် ကိုယ်သည်လည်း
ထိုနေရာ၌ ရှိနေလိမ့်မည်လား
လေနှင်ရာ လွတ်လပ်စွာ
ရွေ့လျားသွားလာနေလေမလား
တောင်းဆိုခွင့်ရလိုလျှင်
လွတ်လပ်မှုကို မြတ်နိုးသော
ကိုယ့်အတွက် တမလွန်တွင်
လေပြေလေညှင်းများနှင့်အတူ
ကမ္ဘာပတ်ချင်မိသား
အုတ်ဂူပိတ်ကာ ချုပ်နှောင်ခြင်းကို
မနှစ်သက်သည်မို့ တမလွန်အတွက်
ဆုတောင်းရင်းသာ.........
Twinkle
Note : ဒီနေ့ ဆွေမျိုးမကင်းတဲ့ ဦးလေးတစ်ယောက်ရဲ့ နာရေးကိုသွားရင်းနဲ့ ဘိုးဘိုးရဲ့ အုတ်ဂူကိုဝင်ခဲ့တုန်းကအဖြစ်အပျက်လေးကို ပြန်အသက်သွင်းထားတာပါ။
နောက်တစ်ခုပြောချင်တာက Twinkle ၅လ လောက်ပျောက်ပါမယ်လို့ စာမေးပွဲအတွက်ပြင်ချင်လို့ပါ။ အခုလို ခံစားချက်လေးတွေပေါ်လာရင်တော့ရေးဖြစ်မှာပါ။
ဖတ်ရှုပေးကြသူများ၊ votes ပေးကြသူများ၊ comment ပေးကြသူများနှင့် reading list ထဲထည့်ပေးကြသူများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်
谢谢你们
陈碧珠
KAMU SEDANG MEMBACA
POEMS That are not poems (ကဗျာမဟုတ်သောကဗျာများ)
NonfiksiI will write what I am thinking about and it will look like poems but not actually poems. ကဗျာလည်းမဟုတ်တဲ့ စာစုလေးတွေရေးမှာပါ ခေါင်းထဲပေါ်လာတဲ့ စာစုလေးတွေမှန်သမျှပေါ့
