To Lu Ge

103 23 17
                                    

Lu ge ge
Hk ဘယ်​က​နေဘယ်​လိုစ​ရေးရမလဲ​တောင်​မသိ​တော့ဘူး ​ပြောချင်​တာ​တွေအရမ်းများလို့​ဘာ​ပြောရမှန်းမသိ​တော့တာများလား

သိပါတယ်​ တစ်​​နေ့​နေ့​တော့ ဒီလိုရက်​မျိုး​ရောက်​လာမယ်​ဆိုတာ

Exo ကို စ stan ခဲ့တာ Baekhyun hyung ​ကြောင့်​ဆို​ပေမယ့်

Luhan ဆိုတဲ့​ကောင်​​လေးကို ရုပ်​ကြည့်​ပြီး ကိုယ့်​ထက်​ငယ်​တယ်​လို့ထင်​ခဲ့မိတာ မ​နေ့တ​နေ့ကလိုပဲ

ချစ်​ဖို့​ကောင်းလွန်းလို့ ge လို​မောင်​​လေးတစ်​​ယောက်​လိုချင်​မိတဲ့အထိပါပဲ

Ge သိရဲ့လား Twinkle Exo L ဖြစ်​ပြီး ၁နှစ်​​လောက်​အထိ ge ge ကို အစ်​ကိုတစ်​​ယောက်​လို့မသတ်​မှတ်​နိုင်​ခဲ့ဘူးဆိုတာ

အရမ်းချစ်​ဖို့​ကောင်းတဲ့​ ဖြူ ဖြူ စင်​စင်​​ကောင်​​လေးတစ်​​ယောက်​ဖြစ်​လို့ အထိခိုက်​မခံရ​အောင်​ ကာကွယ်​​ပေးချင်​မိခဲ့တယ်​ဆိုတာ

Samnamja Samnamja လို့အမြဲ​ပြော​နေ​ပေမယ့်​ ကိုယ့်​မျက်​စိထဲ က​လေး​လေးက ကျွန်​​တော်​လူကြီးပါလို့ ​ပြော​နေပုံနဲ့​တူ​နေလို့ အချစ်​ပိုခဲ့ရတယ်​ဆိုတာ

အခုလိုသတင်းမကြားခင်​အထိ Twinkle စိတ်​ထဲမှာ ge က Twinkle ​ကာကွယ်​​ပေးချင်​တဲ့ ​ကောင်​​လေးတစ်​​ယောက်​အ​နေနဲ့ရှိ​နေခဲ့တာပါ

အခု​တော့ ge ကိုယ်​တိုင်​ ​စောင့်​​ရှောက်​​ပေးချင်​တဲ့လူရှိလာခဲ့ပြီ​ပေါ့

ဝမ်းမနည်းဘူးလို့​ပြောရင်​ လိမ်​ရာကျမှာ​ပေါ့ ge ge ရာ

ကိုယ့်​မျက်​စိတဲ့ က​လေးလိုလို​ကောင်​​လေးတစ်​​ယောက်​က ချက်​ချင်းကြီး RS ရှိတယ်​လို့​ပြော​တော့ Hk

အခုမှ မိဘ​တွေရဲ့စိတ်​ကိုနားလည်​မိ​တော့တယ်

Ge ge နဲ့ Twinkle တို့အဖြစ်​က မိဘနဲ့သားသမီးလိုပဲ

ကိုယ့်​မျက်​စိ​ရှေ့မှာရှိ​နေတဲ့ ကိုယ့်​စိတ်​ထဲ က​လေးလို့ပဲမြင်​မိတဲ့ က​လေးတစ်​​ယောက်​က ဗြုန်းစားကြီး "ဒါကျွန်​​တော့်​ ရည်းစားပါ" လို့​ပြောပြီး မိဘ​တွေရဲ့ရင်​ခွင်​ကထွက်​ ကိုယ့်​ဘာသာကိုယ်​ ၂​ယောက်​တည်းတစ်​ကမ္ဘာတည်​​နေတဲ့ က​လေးဆိုးတစ်​​ယောက်​နဲ့တူ​နေတယ်​ Hk hk

Twinkle လည်းအရင်​ကတည်းက ​တွေးမိပါတယ်​ တစ်​​နေ့​တော့ ge ge တို့အားလုံး ကိုယ့်​ဖူးစာဖက်​ကိုယ်​ရှာ​တွေ့ပြီး fan ​တွေ​ရှေ့ ချပြလိမ့်​မယ်​ဆိုတာ

ဝမ်းနည်းမိတာထက်​ ge ge ကို နှ​မြောမိတယ်

မြင်​နေရပါတယ်​ ge ge က အဲ့​ကောင်​မ​လေးကို ဘယ်​​လောက်​ထိချစ်​လို့ အခုလို BD surprise အထိပါ လုပ်​​ပေးတာလဲဆိုတာ

Ge ge အချစ်​​တွေကို မြင်​​နေရ​ပေမယ့်​ Twinkle စိုးရိမ်​မိတယ်​ ge ge

Ge ge ချစ်​သ​လောက်​ အဲ့​ကောင်​မ​လေးက ge ge ကို မချစ်​မှာ

Ge ge အနစ်​နာခံသ​လောက်​ အဲ့​ကောင်​မ​လေးက ge ge အ​ပေါ် အနစ်​နာမခံမှာ

Ge ge နားလည်​မှု​ပေးသ​လောက်​ အဲ့​ကောင်​မ​လေးက ge ge ကို နားလည်​မှုမ​ပေးနိုင်​မှာ

Luwei ​တွေ​လောက်​​တောင်​ အဲ့​ကောင်​မ​လေးက ge ge အ​ပေါ်မချစ်​​ပေးနိုင်​မှာ

လက်​ခုပ်​ဆိုတာ တစ်​ဖက်​တည်းတီးရုံနဲ့မမြည်​ဘူး ge ge

Twinkle ထက်​ တစ်​နှစ်​​တောင်​ငယ်​တဲ့ ge ge ထက်​ ၇ နှစ်​​လောက်​ ငယ်​တဲ့ အဲ့​ကောင်​မ​လေးက ge ge အ​ပေါ်စိတ်​ကစားဖြစ်​​နေမှာ စိုးရိမ်​မိတယ်​ ge ge ရာ

စိုးရိမ်​မိလို့ အဲ့လိုမဖြစ်​ပါ​စေနဲ့လို့​တော့ ဆု​တောင်းမ​ပေးနိုင်​ဘူး ge ge

တောင်းပန်​ပါတယ်​ ge ge ကိုလည်း တစ်​ခါ​လောက်​​တော့ ခံစား​စေချင်​တယ်

Twinkle တို့ကို ​ခြေစုံကန်​ပြီးထွက်​သွားရတဲ့အပြစ်​ဒဏ်​အ​နေနဲ့​တော့ ခံစား​စေချင်​တာ Twinkle အလွန်​​တော့မဟုတ်​ပါဘူး​နော်

Ge ge ကို​တောင်​ ဒီ​လောက်​ခံစား​နေရရင်​ သူသာဆိုရင်​ Twinkle ဘယ်​လိုဖြစ်​မလဲမ​တွေးတတ်​​တော့ဘူး ​တွေးလည်းမ​တွေးချင်​​တော့ဘူး

နောက်​ဆုံး​တော့လည်း ကြယ်​​တွေကိုပိုင်​ဆိုင်​ချင်​မိတဲ့ ကိုယ့်​ကိုယ်​ကိုပဲ အပြစ်​တင်​မိ​တော့​တယ်😥😥😥

From Twinkle

POEMS That are not poems (ကဗျာမဟုတ်​​သောကဗျာများ) Where stories live. Discover now