Chapter - 1

105 9 7
                                    

တိတ်ဆိတ်ခြင်းရဲ့နောက်ကွယ်...

အပိုင်း-၁ {ကျောင်းသူအသစ်ရောက်ရှိလာခြင်း}

Main Character - Cho Kyuhyun(Super Junior), Choi Siwon(Super Junior),Park Jong Soo(Super Junior), Lee Sungmin(Super Junior), Lee Hanyoung(Candy Girls), Myint Myint Moe(Park Shinah), Tulip Thinzar(Song Jiyoon)
~~~~~
exp(1)

အား...............

တိတ်ဆိတ်လှသော လကွယ်ညသန်းခေါင်ယံအချိန်တွင် စူးရှထိတ်လန့်ဖွယ်အသံထွက်ပေါ်လာသည်။ တိတ်ဆိတ်ခြင်းကို ထိုအသံက ဖြိုခွဲပစ်လိုက်သည်။ သို့သော်... ဘယ်သူမှထိုအသံကိုသတိမထားမိ။
~~~~~
6/4/2015

"Kyuhyun...ah ခဏစောင့်ဦး...။"

"နောက်ကျနေပြီ။ မြန်မြန်လာ"

"အေးပါ။"

Sungmin ဖိနပ်ကို ကမန်းကတန်းဝတ်၍ လွယ်အိတ်ယူကာ ကပျာကယာထွက်လာခဲ့သည်။

"မင်းကလဲ လောလိုက်တာ။ ကျောင်းတတ်ဖို့အဝေးကြီးလိုပါသေးတယ်ဟ။"

"ကျောင်းတတ်ဖို့လိုတာကအကြောင်းမဟုတ်ဘူး။ ငါ project မပြီးသေးဘူးကွ။ အဲ့ဒါစာကြည့်တိုက်ဝင်ရဦးမယ်။ ဒီနေ့မတင်နိုင်ရင် ငါအမှတ်လျော့မှာ။"

Kyuhyun တစ်ယောက် ရှေ့မှနေ၍ အလျှင်အမြန်သွားရင်းပြောလိုက်သည်။

"တကယ်ကိုစံပြကျောင်းသားတွေကတော့။ yar...အတူတူသွားမယ်"

Kyuhyun သူ ဘေဘီဝဲယာ ဂရုမစိုက်နိုင်ဘဲ ငိုက်စိုက်ငိုက်စိုက်ဖြင့် ခြေလှမ်းမြန်မြန်လျှောက်နေမိသည်။ သူ့စိတ်ထဲတွင် ကျောင်းကိုမြန်မြန်ရောက်ဖို့သာ စိတ်စောနေမိသည်။ ထိုစဉ်ရုတ်တရက်...

"ဟိုမှာကား..."

စူးရှသောအသံ၏နောက် သူ့လက်ကို စောင့်ဆွဲလိုက်သလိုခံစားလိုက်ရပြီး သူ့ဘေးနားကပ်၍ ကားတစ်စီးဖြတ်သွားတာကို တွေ့လိုက်ရသည်။ ကားနှင့် တိုက်မိရန် နည်းနည်းပဲလိုသည်မို့ သူမျက်လုံးများပင်ပြာဝေသွားမိသည်။ ခြေတွေပါမခိုင်ချင်တော့ လူသွားလမ်းပေါ်တွင် ထိုင်နေမိသည်။

"ဟာ...ဟေ့ကောင်။ Oh My God!! အဆင်ပြေရဲ့လား။ ရှေ့မကြည့်နောက်မကြည့်သွားတာကို ဖြစ်မှာပေါ့။ ဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား"

Sungmin သူ့ဘေးနားရောက်လာကာ စိတ်ပူစွာနဲ့ပြောတော့မှ သူသတိဝင်လာမိသည်။ သူ့ကိုကယ်လိုက်သူ မည်သူမှန်းမသိလိုက်သော်လည်း ကျေးဇူးတင်စကားပြောရန် သူနောက်လှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိ။ ဟိုဘက်ဒီဘက်ကြည့်ကာ ဟိုလူနိုးနိုးဒီလူနိုးနိုး ကြည့်မိသည်။

Behind The SilentWhere stories live. Discover now