Chapter - 4

28 4 2
                                    

ည ၁၀:၀၀...

"အားးးး......မလားနဲ့။ အားးး......သွား သွား"

ကြောက်ရွံ့ ထိတ်လန့်စွာအော်ဟစ်သံသည် ကျောင်းခန်းထဲ ပျံ့လွင့်လာသည်။

"Hyukie...ah Hyukie...ah မင်းဘယ်မှာလဲ"

Donghae သွေးရူးတန်းရူးဖြင့် အသံလာရာသို့ အော်ခေါ်ကာ လိုက်ရှာနေမိသည်။ ထိုအချိန်...

"အားးးး..."

ကျယ်လောင်စူးရှလှသော အသံနက်ကြီး...။ Donghae အရမ်းစိတ်ပူသွားသည်။ အသံလာရာ အခန်းသိသော်လည်း အခန်းတံခါးက ဖွင့်မရ...။

ဘုန်း...ဘုန်း...ဘုန်း
"Hyukie...ah Hyukie...ah"

တံခါးကို ထုရိုက်၍ အထဲမှ Eunhyuk ကြားစေရန် အော်ခေါ်နေမိသည်။ ပြန်ထူးသံကြားရလေမလား တံခါးနားကပ်ကာ သူနားထောင်ကြည့်တော့ Hyukie ရဲ့ မသဲမကွဲအသံတိုးတိုးလေးကို ကြားလိုက်ရသောကြောင့် စိတ်ပူ၍ တံခါးအား ခြေနဲ့ကန်ကာ ဖွင့်လိုက်သည်။ တံခါပွင့်သွားချိန်တွင် မြင်လိုက်ရသည်မှာ...

"Hyukie... Hyuk သတိထားပါဦး"

ကြမ်းပြင်ပေါ်ခွေခွေလေး လဲနေသော Eunhyuk မျက်နှာမှာအလွန်တရာကြောက်လန့်ဖွယ်တွေ့ထားသည့်အလား သွေးမရှိဖြူစုပ်နေသည်။ သတိကလည်း မရတစ်ချက် ရတစ်ချက်နှင့်။ Donghae စိတ်ပူစွာ အတင်းလှုပ်နှိုးတော့ သတိဝင်လာပြီး...

"Hae...Hae မြန်မြန်သွား။ မြန်မြန်သွားတော့"

"Wae...Wae???"

"ကိုယ့်စကား နားထောင်စမ်းပါ။ မြန်မြန်သွားတော့ မြန်မြန်"

ဖျော့တော့အားမရှိသောလက်များဖြင့် အတွန်းတွန်းထုတ်လေသည်။

"ဟင့်အင်း မသွားဘူး။ Hyukie မပါဘဲနဲ့ Hae မသွားဘူး"

"Hae...ah ကိုယ့်စကားနားထောင်စမ်းပါ ကိုယ်မင်းကိုမထိခိုက်စေချင်ဘူး Hae ။ မြန်မြန်သွားတော့...သွား"

Hyukie အတင်း Donghae ကိုတွန်းထုတ်သော်လည်း ခေါင်းမာစွာ Donghae ပေတေနေသည်။ လက်နှစ်ဖက်ကတော့ Eunhyuk ကိုပွေ့ထားဆဲ...။ ထိုစဉ်ရုတ်တရက် Hae ကိုကြည့်နေသော Hyuk မျက်လုံးတို့သည် Hae ၏ နောက်ဘက်ကိုရောက်သွားပြီး

"အားးး...မလာနဲ့ မလာနဲ့ သွားးး"

"Hyuk...Hyuk ဘာဖြစ်လို့လဲ။ Hae လေ။ Hae ကိုကြည့်ပါဦး။ သတိထားပါဦး Hyuk ရဲ့ (sob)"

Behind The SilentDonde viven las historias. Descúbrelo ahora