Chapter - 2

40 4 3
                                    

တိတ်ဆိတ်ခြင်းရဲ့နောက်ကွယ်…

အပိုင်း-၂ {ပထမဆုံးအတူတူ}

Nanjin အထက်တန်းကျောင်း… ည ၁၀:၀၀

"Young…ah Young…ah နင်သတ်သေတာမဟုတ်ဘူးမလား။ နင့်ကိုသတ်တဲ့သူ ဒီအခန်းထဲမှာရှိတယ်မဟုတ်လား။ ရှိရင် ပြောပြပါ Young…ah"

လေးထောင့်ပုံမျဉ်းဆွဲထားသည့် စာရွက်ကို အလယ်မှာထားပြီး Shinah နဲ့ Jiyoon မျက်နှာချင်းဆိုင်လျက် ဘောပင်ကိုလက်တစ်ဖက်စီကိုင်ကာ မျဉ်းအလယ်မှာပွတ်ဆွဲရင်း Shinah ပြောလိုက်သည်။ နှစ်ယောက်လုံးကိုင်ထားသည့်ဘောပင်က သိသိသာသာပင် နေရာရွေ့လာသည်။ ဘောပင်ကိုကိုင်ထားသော သူတို့နှစ်ယောက်၏လက်မှာ ထိန်းချုပ်မှုကင်းမဲ့နေသလို ခံစားလိုက်ရပြီး ဘောပင်ရွေ့လျားသည့်နောက်ကိုသာ လိုက်ရွေ့နေမိသည်။

တဖြည်းဖြည်း ဘောပင်ရွေ့ရင်း နောက်ဆုံးတွင် ရပ်တန့်သွားသည်။ ဘောပင်ထိပ်ဖျားကတော့… Shinhwa အထက်ကျောင်းရှိရာသို့ ဦးတည်ညွှန်ပြလျှက်…။
~~~~~~
ည ၁၁နာရီထိုးနေလေပြီ။ ကျောင်းဝန်းထဲတွင်ဘယ်သူမှမရှိတော့။ Kyuhyun သူလည်း စာအုပ်တွေသိမ်းကာ အခန်းထဲမှထွက်လာခဲ့သည်။ ညဘက်အချိန်ပိုက ၁၀နာရီတည်းက ဆင်းသွားပြီဖြစ်သော်လည်း သူကတမင်တကာ စာလုပ်ချင်၍ နေခဲ့ခြင်းဖြစ်သည်။ ကျောင်းစောင့်ဦးလေးကြီးအား အခန်းသော့အပ်လိုက်ရင်း သူအိမ်သို့ ဖြည်းဖြည်းချင်းလမ်းလျှောက်ပြန်လာခဲ့သည်။

တစ်လမ်းလုံးစိတ်ထဲတစ်မျိုးကြီးခံစားရသည်။ နောက်ဘက်မှတစ်ယာက်ယောက်လိုက်လာသလို နောက်ကျောမလုံစွာခံစားလာရသည်။ နာရီကြည့်လိုက်တော့ ၁၁နာရီ ၅မိနစ် ။ bus ကားမျလည်းမရှိတော့ပြီမို့။ နောက်ထပ် ၁၀မိနစ်လောက်ဆက်လျှောက်မှ အိမ်ကိုရောက်ပေမည်။

ရုတ်တရက် နောက်ဘက်ဆီမှခြေသံတစ်ချို့ကြားလိုက်ရသည်။ နားထင်ကျောဘက်မှတစ်ဆင့် ဖြတ်တိုက်လိုက်သည့် အေးစက်သောလေက သူ့ကိုကြက်သီးများပင်ထလာစေသည်။ နားထဲတွင်တော့ Sungmin ပြောသည့်စကားများက ပဲ့တင်ထပ်လျက်…

"မနေ့ညက Nanjin အထက်တန်းကျောင်းမှာကောင်မလေးတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်တဲ့။"

Behind The SilentWhere stories live. Discover now