Chapter - 6

166 3 0
                                    

at school, Unknown POV

T…T…T…T
နာရီမှအချက်ပေးသံထွက်ပေါ်လာလေပြီ။ နာရီကြည့်လိုက်တော့ ည ၁၀နာရီ။ သူစာလုပ်ခြင်းကိုရပ်နားလိုက်ကာ အပန်းဖြေရန်ပြတင်းပေါက်ဆီသို့လျှောက်သွားလိုက်သည်။ သုံးလွှာထပ် အခန်းမှနေ၍ ဘယ်သူမှမရှိသည့်အချိန် ယခုလို Nanjin ကျောင်းကိုကြည့်ရသည်ကို သူအလွန်သဘောကျသည်။ အပြင်တွင်တိုက်ခတ်နေသော လေနုအေးလေးက ပြတင်းပေါက်မှတစ်ဆင့် သူ့ပါးပြင်ပေါ်ကို ပွတ်သတ်ကျီစယ်နေလေသည်။

သူအတွေးထဲစီးမျောနေစဉ် ဘေဘက်လှေကားဆီမှ ဆူဆူညံညံ အသံအချို့ကြားမိလိုက်သည်။ ပထမတော့ အကြားမှာတာပဲဟု သူဘာသိဘာသာနေလိုက်သည်။ သို့သော် အသံများကတစ်ဖြည်းဖြည်းပိုကျယ်လာလေပြီ။ မိန်းကလေး တစ်ယောက်၏အသံပါ ပါလာသောကြောင့် သူသွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။

"ရှင်…ရှင်တို့တွေ အနားမလာနဲ့နော်။ ရှေ့ဆက်မတိုးနဲ့နော်"

"ha…ha…ha…ha"

ပုံစံကကြည်ရတာတော့မမျှတလှပါ။ မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးလေးယောက်က ဝိုင်းထားပြီး ထိုမိန်းကလေးအနားအတင်းကပ်နေသည်။ ကောင်းလေးတွေပုံစံမှာလည်း မူးနေပုံရသည်။ မိန်းကလေးကတော့ Nanjin ကျောင်းသူဖြစ်ပြီး ကောင်လေးများမှာတော့ အပြင်ဝတ်စုံများကြောင့် သူ့ကျောင်းကတော့မဖြစ်နိုင်ပါချေ။

သူကြည့်နေရင်း အခြေအနေက တစ်ဖြည်းဖြည်းဆိုးလာချေပြီ။ ပုံစံမှာ ကောင်မလေးကို ဖျက်စီးမည့်ပုံတွေဖြစ်လာသောကြောင့် သူဝင်ကူညီရန်ဆုံးဖြတ်လိုက်သည်။ ထိုင်နေရာမှထလိုက်ပြီး သူရှေ့ကိုတိုးသွားလိုက်တော့ မျက်နှာတွေကိုရှင်းရှင်းလင်းလင်းမြင်လာရသည်။

"ဟင်…သူ သူက"

သူရှေ့ဆက်မသွားနိုင်တော့။ နေရာမှာပြန်ထိုင်နေလိုက်ရင်း ခြောက်ခြားနေမိသည်။ သူဘာလုပ်ရမည်နည်း။ သူမသွားလျှင် ကောင်မလေးဒုက္ခရောက်မည်။ သူသွားလျှင်လည်း……

"ရှင်တို့မယုတ်မာနဲ့နော်။ ရှင် ရှင်တို့…ဖယ် လွှတ် ကျွန်မအသားကိုမထိနဲ့။ လွှတ်ဆို လွှတ်နော်။ ကယ်ကြပါဦးရှင်။ လွှတ်ဆို"

Behind The SilentWhere stories live. Discover now