Chapter- 7

31 2 0
                                    

မှောင်မိုက်နေသောည…၊ တိတ်ဆိတ်နေသော ညနက်သန်းခေါင်အချိန်…။ လူတစ်ယောက် Shinwha အထက်တန်းကျောင်းကြီးအတွင်း တစ်လှမ်းချင်းစီ လှမ်းဝင်လာခဲ့သည်။ သာမန်ခြေလှမ်းတွေနဲ့မတူဘဲ မရဲတရဲဖြစ်နေတဲ့ ခြေလှမ်းတွေက ထိုလူ၏ကြောက်ရွံ့မှုကိုဖော်ပြနေသလို။ တိတ်ဆိတ်နေသည့် ကျောင်းဆောင်ကြီးထဲ သူတစ်ယောက်တည်းရှိနေပေမယ့် တစ်ယောက်ထက်ပိုသော ခြေသံတွေက အရမ်းကို ခြောက်ခြားစရာကောင်းလွန်းနေသည်။

သူ ကျောင်းခန်းပေါင်းများစွာဖြတ်ကျော်လာရင်း တစ်နေရာအရောက် ရပ်တန့်သွားသည်။ တံခါးလက်ကိုင်ဘုကို လှည့်လိုက်ရင်း သူဝင်လိုက်သည့်နေရာကား… "ဂီတခန်း"။

တစ်ခန်းလုံးမှောင်မည်းနေပေမယ့် ထူးဆန်းစွာတစ်နေရာကတော့ လင်းနေသည်လေ။ သေးငယ်သောအလင်းရောင်အောက်တွင် ရှိနေသည်ကား piano တစ်လုံး။ မီးအလင်းရောင်အောက်တွင် piano ၏အနက်ရောင်က လှပစွာတောက်ပနေသည်မှာ အခြေအနေတစ်ခုအတွက် ရှေ့ပြေးနိမိတ်လို…။

သူ မလှမ်းချင်လှမ်းချင် ခြေလှမ်းများနှင့် piano ရှိရာ ဦးတည်သွားလိုက်ပြီး ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ နောက်ဆုံးအနေနှင့် သက်ပြင်းတစ်ချက်ချကာ piano key ဖြူဖြူလေးတွေအပေါ်လက်တင်လိုက်တော့…။

"အားးးးး……"

ဘုံးးးး……

တိတ်ဆိတ်နေသည့် ကျောင်းဝန်းထဲ သာယာငြိမ့်ညှောင်းသည့် piano အသံက မလှမပဘဲ ခြောက်ခြားစွာထွက်ပေါ်လာပြီး နေရာအနှံ့ပျံ့လွင့်နေသည်။ piano တစ်လုံး၏ဘေးမှာတော့ ကျောင်းဝတ်စုံနှင့် ကောင်လေးတစ်ယောက် ကြမ်းပြင်ပေါ်လဲကျနေလေသည်။ piano key လေးတွေကတော့ စည်းချက်ညီစွာ လှုပ်ရှားလို့ရယ်……။
~~~~~~~

Behind The Silent…

အပိုင်း- ၇ {လူသေမှုလား…? လူသတ်မှုလား…?}

Shinah… Jiyoon သူမတို့နှစ်ယောက်စလုံး Shinhwa ကျောင်းကို ရောက်ခဲ့ပြန်ပြီ။ ဒီတစ်ခါတော့ ခိုးဝင်ခြင်းမဟုတ်တော့။ တရားဝင် ကျောင်းပြောင်းမိန့်စာနှင့်တကွ Nanjin ကျောင်းသူဘဝမှ Shinhwa ကျောင်းသူအဖြစ် ရောက်ရှိလာခြင်းပေဖြစ်သည်။

Behind The SilentWhere stories live. Discover now