I'll Come Back To You

1.4K 123 13
                                    

Hi, second update is here. I J-hope you like it. Please enjoy.

~~~

Suho's POV,

တိတ်ဆိတ်နေတဲ့ အမှောင်ကမ္ဘာမှာ ကျွန်တော်နေလိုက်တာ အချိန်တွေ ဘယ်လောက်ကြာသွားလဲ မသိတော့ပါဘူး ကျွန်တော်သိပ်ရင်းနှီးနေတဲ့ အသံတစ်သံကြောင့် နောက်တစ်နေ့ ရောက်နေပြီဆိုတာ သိလိုက်ရတယ်

YX: morning ကိုယ်ပြန်လာပြီ အရမ်းလွမ်းတာပဲ ယုန်လေးရယ်

ငါလဲ အရမ်းလွမ်းတာပေါ့ unicornရယ်

YXး ကိုယ်လေ ဒီနေ့ မင်းသိပ်ကြိုက်တဲ့ နှင်းဆီပန်းနီနီလေးတွေ ယူလာတယ်

Jinjja?
နှင်းဆီနီတွေက သိပ်လှမှာပဲ

YXး ယုန်လေး မှတ်မိသေးရဲ့လား မင်းကို ချစ်ခွင့်ပန်တဲ့နေ့လေ သုံးနှစ်တောင်ကြာခဲ့ပေမယ့် မနေ့တစ်နေ့ကလိုပါပဲ လမ်းလယ်ကောင် လူတွေအများကြီးရှေ့မှာ ဂစ်တာတီးပြီး မင်းကို သီချင်းဆိုပြခဲ့တာလေ အဲ့နေ့က မင်းရဲ့ ရွှန်းလဲ့နေတဲ့ မျက်လုံးတစ်စုံကို ငါခုထိမြင်ယောင်နေတုန်းပဲ
မင်းကိုနှင်းဆီနီတစ်ပွင့်နဲ့ ချစ်ရေးဆိုခဲ့တာကိုရော မှတ်မိသေးရဲ့လား

မှတ်မိတာပေါ့ Xingရယ် သိပ်ကို မှတ်မိတာပေါ့

YXး ဒီနေ့မနက် အိပ်ယာကထတော့ မင်းဘေးမှာ အိပ်နေတာတွေ့လိုက်ရတယ် အရင်ကလို မင်းနဲ့အတူ.နွေးထွေးမှုတွေ ရယ်သံလေးတွေ ကြည်းနူးစရာလေးတွေ ခံစားမိတယ် ဒါပေမယ့် ဒါတွေက စိတ်ကူးယဉ် သက်သက်ပါ.ခုချိန် ကိုယ်ဆီမှာ တကယ်ရှိတာဆိုလို့ အေးစက်မှု အထီးကျန်မှုပဲလေ ရယ်သံတွေလဲ မရှိတော့ဘူးပေါ့
*sniff*

Yixing ငိုနေပြန်ပြီဆိုတာ သိလိုက်ရတယ် အရင်က သူစိတ်ဓာတ်ကျတိုင်း ထွေးပွေ့ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ လက်တစ်စုံက ဘယ်ရောက်နေတာလဲ

>>>

YXး ကိုယ်ပြန်ရောက်လာပြီ ကိုယ့်ကို လွမ်းနေတယ် မှတ်လား ဒီနေ့တော့ အချိန်အကြာကြီး နေပေးမယ်

gomarwor, Xing~ah

YXး ပြီးတော့ ဒီနေ့ကိုယ် မင်းကို စာအုပ်တစ်အုပ်ဖတ်ပြမယ် ဒီစာအုပ်က အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ် Suho's Diaryတဲ့ နားထောင်ချင်တယ် မှတ်လား.ဟီး

Wherever! ( SuLay Fanfic )Where stories live. Discover now