2nd Day (Pt.1)

722 88 1
                                    

Hi, next update is here! I J-hope you like it.
Please enjoy!

>>>

Yixing's POV,

အလင်းရောင်က ကျွန်တော့်မျက်နှာပေါ် ကျရောက်လာလို့ မျက်လုံးဖွင့်ကြည့်မိတယ် မနက်ခင်းရောက်ပြီလေ အိပ်ယာဘေးကို လှည့်လိုက်ရင်း အရင်တုန်းကလို အေးအေးချမ်းချမ်းနဲ့ အိပ်နေတဲ့ Suhoများ ရှိမလားဆိုပြီး ကြည့်လိုက်တယ် ဒါပေမယ့် ကျွန်တော်ဆုတောင်း မပြည့်ဘူးလေ သူ့နေရာလေးက လစ်ဟာနေတယ် ကျွန်တော့်ရဲ့ စိတ်တွေက လွန်ခဲ့သော အတိတ်ကာလကို ရောက်သွားခဲ့တယ်

Flashback

မနက်ခင်းမှာပေါ့
ခါတိုင်းလိုပဲ ကျွန်တော်က Suhoအရင် နိုးနေပြီလေ ဟိုယုန်လေးကတော့ အိပ်လို့ကောင်းတုန်းလေ

YX: bunny ထတော့လေ မိုးလင်းနေပြီ

SH: u-uh မိုးကလဲ ဘာလို့လင်းနေတာလဲ အိပ်ချင်ပါတယ်ဆိုမှ

YX: :-D

ကလေးဆန်တဲ့ ကျွန်တော့်ယုန်လေးကို အသည်းတွေယားပြီး သူ့နှဖူးလေးကို နမ်းလိုက်တယ်

SH: arjushi ဘယ်သူက နမ်းခွင့်ပေးလို့ နမ်းတာတုန်း ဒီမှာ စိတ်တိုနေတာနော်

YX: wae မနေ့က ပြန်လာထဲက အဲလိုဖြစ်နေတာ ဘာမှလဲ ပြန်မပြောပဲနဲ့ ကိုယ်ဘာအမှားလုပ်မိလို့လဲ

SHး တကယ်မသိတာလား

YX: imm လုံးဝမသိဘူး

SHး အာ့ဆိုလဲ ပြောပြရတာပေါ့ မနေ့က Yixingရဲ့ အလုပ်ကို လာခဲ့တာလေ ထင်တာထက်စောပြီး ရောက်နေလို့ လျှောက်ကြည့်ရင်း Yixingက တစ်ခြားတစ်ယောက်နဲ့ ရပ်စကားပြောနေတာ တွေ့လိုက်တယ် အဲ့လူက Yixingကို မေးတယ်လေ အကယ်၍ Suhoနဲ့ အတူမရှိတဲ့ အချိန်တွေဆိုရင် တစ်ခြားboyကိုဖြစ်ဖြစ် girlကိုဖြစ်ဖြစ် ကြည့်တတ်လားလို့မေးတယ်လေ အဲ့တော့ Yixingက

YX: imm ကြည့်မိတယ်လို့ ဖြေလိုက်တယ်လေ

SHး အာ့ကို သိချင်တာ တကယ်သဘောကျလို့ ကြည့်တာလားလို့

YXး ကြည့်မိတယ်ဆိုတာကိုတော့ ကိုယ်ဝန်ခံတယ် ဒါပေမယ့် သူတို့ကို ကြည့်ရင်း မင်းကိုပိုချစ်မိတယ်

SH: u-uh ဘာကြီးတုန်း

YXး ကိုယ်သူတို့ကို ကြည့်နေပေမယ့် မင်းမဟုတ်မှန်းသိနေတော့ ဘာမှမခံစားရဘူးလေ မင်းကကိုယ့်အတွက် တစ်ခြားသူတွေနဲ့ မတူပဲ ထူးခြားနေခဲ့တယ် ဘာလို့လဲဆိုတော့ မင်းကို တစ်ခြားဘယ်သူ့ကိုမှ မချစ်ဘူးတဲ့ အချစ်နဲ့ ချစ်မိနေလို့ပဲ

Wherever! ( SuLay Fanfic )Where stories live. Discover now