7th Day

748 69 18
                                    

Long time no see!
Next episode is here. Hope you like it.
Please enjoy.

>>>

Suggestion>>>> Backstreet boysရဲ့ "Show me the meaning of being lonely" ကို နားထောင်ရင်း ရေးထားတာပါ ဒီအပိုင်းကို ဖတ်တဲ့အခါ အဲ့သီချင်းကိုပါ တွဲပြီးနားထောင်ဖို့ အကြံပြုပါရစေ

~~~~~~~~

Yixing's POV,

"Yixing~ah ထတော့ mornee"

ရုတ်တရက်ကြားမိတဲ့ အသံကြောင့် အိပ်ရာထဲက အလူးအလဲထမိတယ် တစ်စုံတစ်ယောက်များ ရှိနေသလားလို့ လိုက်ရှာနေပေမယ့် မြင်ကွင်းထဲမှာ ဘယ်သူမှပေါ်မလာဘူး

ဒီနေ့က ထူးထူးခြားခြား မိုးအုံ့နေတယ် ပတ်ဝန်းကျင် တစ်ခုလုံး အုံ့အုံ့ဆိုင်းဆိုင်းဖြစ်နေတော့ ရင်ထဲ ဘာမှန်းမသိတဲ့ ခံစားချက်တစ်ချို့နဲ့ ရင်လေးနေမိတယ်

ဆေးရုံကို သွားဖို့ အမြန်ဆုံး အိပ်ရာကထလိုက်တယ်။ မျက်နှာသစ်ဖို့ မှန်ရှေ့မှာရပ်လိုက်တော့ ကျွန်တော့်မျက်လုံးတွေက နီရဲပြီးဖောင်းနေတယ် မနေ့က တစ်ညလုံးငိုပြီး အိပ်ပျော်သွားမှန်း ခုမှပြန်သတိရမိတယ်

အားလုံးပြက်ဆင်ပြီးတော့ Suhoရှိရာကို သုတ်ချေတင်ပြေးနေမိတယ် ဒီနေ့တော့ ကော်ဖီဆိုင်ဆီလဲ မဝင်တော့ပဲ ဆေးရုံကိုတန်းသွားဖို့ လုပ်ထားတယ် အစာမရှိတဲ့ ဗိုက်ကအောင့်နေပေမယ့် အားလုံးကို လျစ်လျူရှုထားတယ် အခုချိန်အရေးကြီးဆုံးက Suhoအပြင် ဘာရှိဦးမှာလဲ

ဆေးရုံရောက်တော့ Suhoအခန်းဆီကို မဝင်သေးပဲ ခဏလောက်ရပ်နေမိတယ်

ဒီနေ့ကနောက်ဆုံးနေ့မဟုတ်လား
တစ်ခုခု အပြောင်းအလဲဖြစ်သွားဖို့ကို မျှော်လင့်မိတယ်
သူ နိုးနေလောက်ပြီနဲ့ တူတယ်လို့ ကျွန်တော်ယုံကြည်နေမိတယ်

မျှော်လင့်ချက်တွေ တစ်သီကြီးနဲ့ အခန်းတံခါးကို ဖွင့်ကြည့်မိတယ်

တတီတီမြည်နေတဲ့ နှလုံးခုန်နှုန်းတိုင်းစက်နဲ့အတူ အေးချမ်းစွာ အိပ်စက်နေတဲ့ Suhoက ကျွန်တော့်ကို ကြိုဆိုနေတယ်လေ

Wherever! ( SuLay Fanfic )Where stories live. Discover now