6th Day

690 77 10
                                    


Yixing's POV,

မနေ့ညက ဘာမှမစားခဲ့ရတော့ တဂွီဂွီမြည်တဲ့ ဗိုက်နဲ့ ကျွန်တော်နိုးလာခဲ့တယ် ခေါင်းကလဲ နောက်နေတော့ နေလို့သိပ်မကောင်းဘူး ဘေးက ဖုန်းကိုဖွင့်ပြီး နာရီကြည့်လိုက်တော့

7:40 AM

ပက်လက်လှန်ပြီး မျက်နှာကျက်ကို ငေးကြည့်မိတယ်

YXး မင်းဘယ်တော့မှ နိုးလာမှာလဲ bunny

နောက်တော့ အကြည့်တွေက ကုတင်ဘေးက စားပွဲခုံဆီက ဓာတ်ပုံဆီရောက်သွားတယ် အဲ့ဓာတ်ပုံထဲမှာ ကျွန်တော်နဲ့ Suho ချိန်းတွေ့တုန်းက Hanမြစ်ဘေးမှာ အမှတ်တရ ရိုက်ထားတဲ့ ပုံလေးပေါ့ Suhoရယ်နေတဲ့ ပုံလေးကို သေချာကြည့်နေမိတယ်

YXး ဒါမှမဟုတ် မင်းနိုးထဖို့ အခွင့်အရေး မရှိတော့လို့လား

မျက်နှာသစ်နေရင်း အတွေးတွေနဲ့ ချာချာလည်နေမိတယ် တကယ့်တော့ မနက်အိပ်ရာကနိုးတိုင်း ဒီလိုမျိုး Suhoမရှိပဲ နေခဲ့ရတဲ့နေ့တွေကို အိပ်မက်ဆိုးတွေပဲ ဖြစ်ပါစေလို့ မျှော်လင့်မိခဲ့တယ် ဒါပေမယ့် လက်တွေ့မှာတော့ Suhoက ကျွန်တော့်နားမှာ ရှိမနေခဲ့ဘူးလေ

ဒီနေ့က ၆ရက်မြောက်နေ့ပဲ အခုချိန်ထိ Suhoဆီက ထူးထူးခြားခြား ဘာမှတုံ့ပြန်မှုမရှိခဲ့ဘူး Suhoကို တကယ်ပဲ ဆုံးရှုံးရတော့မှာလား မျှော်လင့်ချက် ပျောက်ဆုံးသွားခဲ့ပြီလား

ဒီနေ့တော့ ကျွန်တော့်ရဲ့ စိတ်ထဲရှိသမျှ သူ့ကိုပြောပြမယ် အားလုံးကိုပေါ့

အားလုံးပြင်ဆင်ပြီး ထွက်လာတော့ တိုက်ခန်းရှေ့က မြေကွက်လပ်မှာ မနေ့က ကလေးမလေး သူ့ခွေးလေးနဲ့ ကစားနေတာတွေ့ရတယ် ကျွန်တော့်ကို လှမ်းမြင်တော့ အဝေးကနေ တာတာ့လှမ်းပြတယ် ကျွန်တော်လဲ ပြန်ပြုံးပြလိုက်ပြီး ရှေ့ခရီးဆက်ခဲ့တယ်

ဆေးရုံဆီကို ခြေတစ်လှမ်း လှမ်းလိုက်တိုင်း စိတ်တွေက လေးလံနေမိတယ်

~~~~~

Suho's POV,

YX: annyeong bunny morning

Xing, moringပါ

YXး.ဘယ်လိုလဲ နေလို့ကောင်းရဲ့လား

နဲနဲတော့ ပင်ပန်းတယ် Xingရော

Wherever! ( SuLay Fanfic )Où les histoires vivent. Découvrez maintenant