The Mystery Wardrobe

1.7K 145 13
                                    

စိမ်းစို​ငြိမ်​သက်​​နေ​သော ​တောအုပ်​ထဲကို ကား​လေး တစ်​စီးက ဖြတ်​​မောင်းလာသည်​....
ကျက်​စား​နေထိုင်​​နေကြ​သော တိရစ္ဆာန်​များကလဲ စိမ်းသက်​​နေ​သော အသံ​ကြောင့်​ ​ဝေးရာကို ထွက်​​ပြေးသွားကြသည်​......

တောအုပ်​​လေး​ပေမဲ့ အမှန်​​တော့ လူ​နေ​ခေါင်​ပါးလို့သာ.....
ကားက​လေးမှာ ကတ္တရာလမ်း​ပေါ်သာ​မောင်းရင်း ထို ကတ္တရာ လမ်းအဆုံးရှိ အိမ်​ကို ဦးတည်​​နေခြင်းဖြစ်​သည်​.......

အိမ်​ဟု​ပြောရန်​အတွက်​ ထိုအိမ်​မှာ နန်း​တော်​တမျှ ကြီးမားလှသည်​....
သို့​သော်​ ထိန်းသိမ်း​ပေးမည့်​သူမရှိ ​တော​နေ​ခေါင်​ပါးတွင်​ရှိ​သော​ကြောင့်​ အနည်းငယ်​​ခြောက်​ခြားစရာ ​ကောင်း​နေသည်​...

သို့​သော်​လဲ ထို စံအိမ်​ကြီးကို ဦးတည်​​သော ကားက​လေးက ဦးတည်​ချက်​မှန်​စွာဖြင့်​........

____________________________________

ကားက​လေးမှာ ကတ္တရာလမ်းအဆုံး ထိုအိမ်​ကြီး၏ ခြံ​ရှေ့သို့​ရောက်​​သောအခါ ရပ်​တန့်​သွားသည်​...
ကား​ပေါ်မှ ​ကောင်း​လေး တစ်​ဦးဆင်းလာပြီး အနှစ်​နှစ်​အလလ ပစ်​ထားခံရသဖြင့်​ ​ရေညှိအလိမ်းလိမ်း သံ​ချေးအထပ်​ထပ်​နှင့်​ ထို​ကောင်​​လေး၏အရပ်​ နှစ်​ဆခန့်​မြင့်​​သော ခြံတံခါးအား ဆွဲဖွင့်​လိုက်​ရ​ချေသည်​....

တကျွီကျွီ တဒိုင်းဒိုင်းနှင့်​ အသံမျိုးစုံပြုပြီး​နောက်​မှ​တော့ ထို ခြံတံခါးဟာ ထိုစံအိမ်​ကြီးကို သွားရာလမ်းကို တားဆီးနိုင်​စွမ်း မရှိ​တော့ပါဖူး...
ဒီလိုနဲ့ပဲ ထို ကားက​လေးက​တော့ အိမ်​ကြီးဆီကို ဆိုက်​ဆိုက်​မြိုက်​မြိုက်​ကို ခရီးတွင်​သွားပါ​လေရဲ့...
___________________________________

ဂျ​လောက်

အိမ်​ဦးရဲ့ တံခါးမကြီးရဲ့ ​သော့အဖွင့်​အပြီး ​ကောင်​​လေးက အိမ်​ထဲကို ဆန်းသစ်​တဲ့ ​ခြေလှမ်း​တွေနဲ့ ဝင်​​ရောက်​လာပါတယ်​...
လူမ​နေတဲ့ အိမ်​ကြီး ဖြစ်​တဲ့အ​လျောက်​ ဖုန်​​တွေက​တော့ ​အရမ်းကို များ​နေ​သော်ငြားလဲ ပျက်​စီးချို့ယွင်း​နေ​သော အရာဝတ္ထုမရှိ.....
သက်​ရှိပိုင်​ရှင်​ ထားခဲ့တုန်းကလိုပင်​ သက်​မဲ့ဝတ္ထုတို့ အ​ကောင်းပတိရှိ​နေဆဲ.....

I In Megical World(​မှော်​ဝင်​ကမ္ဘာထဲက ကျွန်​​တော်​) [Discontinued]Where stories live. Discover now