What do U mean?

540 85 4
                                    

ဂျိုဆွန်းပြည်​၏ ညပိုင်း ​ဈေးကားသာယာ၏...
လျှပ်​စစ်​မီးတို့ဖြင့်​မဟုတ်​ပဲ မီးပုံး မီးအိမ်​တို့ဖြင့်​ ဆန်းသစ်​​နေ၏...
Kaiအတွက်​​တော့ ဒီလိုမြင်​ကွင်းမျိုးဆိုတာ ရှားပါးသည်​ မလား??

"​ကောင်​​လေး...အခု ဘယ်​​ရောက်​​နေတာလဲ??"

"ဟန်​ယန်းမြို့ပဲ ​နောင်​ကြီး...."

"ဟို ချာတိတ်​ ​နောင်​ကြီးဆိုတာကြီးမ​ခေါ်ပါနဲ့လား??နားထဲ တစ်​မျိုးကြီးပဲ???"

"အဲ့တာဆို ​နောင်​ကြီး အသက်​က??"

"၂၃နှစ်​!!!"

"မိန်းမယူပြီး က​လေး​တောင်​ ကြီး​နေရမယ့်​အရွယ်​ပဲ..."

အ​ရှေ့မှ ​လျှောက်​​နေ​သော ချာတိတ်​စကား​ကြောင့်​ သူ လန့်​ဖျန့်​သွားသည်​...

ဘာရဲ့??!က​လေး​တောင်​ကြီး​နေရမဲ့ အရွယ်​...
ဒီ​လောက်​ ​ပျော်​လို့ ပါးလို့ ​ကောင်း​နေတဲ့ အချိန်​မှာ....
အေး​ပေါ့​လေ..
ခေတ်​ကာလကလဲ တအားကွာခြား​နေပီကို!!!

"ဒါနဲ့ မင်းက​ရော??"

"၁၇နှစ်​!!!"

"ဘာ!!!!!!!"

Kai တကယ်​ လန့်​ပြီး ​အော်​လိုက်​ခြင်း​ကြောင့်​ လူများက သူ့ကို ကွက်​ကြည့်​ကွက်​ကြည့်​နှင့်​!!!!

"ဘာလို့လဲ ​နောင်​ကြီး??"

"အဲ့ ​နောင်​ကြီးဆိုတာကြီး မ​ခေါ်စမ်းပါနဲ့ ဆို!!!"

"Nae JongIn hyung.."

"ဒါနဲ့​လေ...မင်းက တကယ်​ အိမ်​​ရှေ့စံလား???"

သူ့စကား​ကြောင့်​ ထင်​ပါရဲ့!!!
ကောင်​​လေးက ပြုံး၏..

"​နောင်​....အဲ...Jong In hyungက မယုံဖူးလား??"

"မဟုတ်​ပါဖူး....အိမ်​​ရှေ့စံဆိုရင်​ ဒီအချိန်​ နန်းပြင်​မှာ တစ်​​ယောက်​ထဲ ​ရောက်​​နေတာ အန္တရာယ်​ မများဖူးလား??"

"ကျွန်​​တော်​ တစ်​​ယောက်​ထဲ ရှိတာက ပို လုံခြုံတယ်​ Hyung~"

သက်​ပြင်းချပြီး ​ပြောလိုက်​​သော ​ကောင်​​လေးရဲ့ စကားက ​လေးနက်​ပြီး မျက်​နှာကလဲ တည်​ကြည်​​နေတာ​ကြောင့်​ အလိမ်​အညာ​တွေ မဟုတ်​မှန်း ခန့်​မှန်းလို့ရပါတယ်​...

I In Megical World(​မှော်​ဝင်​ကမ္ဘာထဲက ကျွန်​​တော်​) [Discontinued]Where stories live. Discover now