His Mysterious Cousin

631 74 7
                                    

ဟိုဖက်​လှည့်​လိုက်​ရင်း မျက်​လုံးတည့်​တည့်​ထိုးလာခဲ့​သော ​နေ​ရောင်​ခြည်​​ကြောင့်​ သူ့မျက်​လုံး​တွေ အားစိုက်​ဖွင့်​လိုက်​ရသည်​....

တိုးဝင်​လာတဲ့ မြင်​ကွင်း​တွေက မရင်းနီးတာ​ထက်​ ထူးဆန်း​နေတာ​ကြောင့်​ လူက လန့်​ဖြန့်​သွား၏....

သက်​ကပ်​မိုးဖြင့်​ ​ဘေးပတ်​ပတ်​လည်​မှာ ပျဉ်​ကာထားသည်​ကို ​တွေ့လိုက်​ရ​သော​ကြောင့်​ ဦး​နှောက်​ကို အနည်းငယ်​ပြန်​အလုပ်​​ပေးလိုက်​ရပြန်​သည်​.

အာ......
ဟိုချာတိတ်​!!!!

ဘေးဘီဝဲကြည့်​​တော့ အရိပ်​အ​ယောင်​​လေ​တောင်​မရှိ.
ခြေရာလက်​ရာ​လေး​တောင်​မ​တွေ့ရ​တော့!!!!

"ဘယ်​သွား​နေတာပဲလား???"

ကိုယ်​လက်​သန့်​စင်​ဖို့ အပြင်​ကိုထွက်​ပြီး ​မြစ်​ကမ်း​ဘေးကို​ဝေ့ဝဲကြည့်​လိုက်​​တော့ မ​နေ့က သူတို့ထိုင်​​နေခဲ့​သော တံတား​လေးကို ခပ်​လှမ်းလှမ်းမှ မြင်​​နေရသည်​...

^ဘာလို့မရှိရမှာလဲ!!!!!
ငါရှိတယ်​​လေ!!!!ငါ တစ်​​ယောက်​လုံးရှိတာကို.....^

"Arrr!!!Kim Kai!!!ဘာလို့များ???!!!!!ဘာလို့များ.....​ပြောခဲ့တာပါလိမ့်​??!!!"

ထိုစဉ်​ အထုပ်​​လေးတစ်​ထုပ်​ ကိုင်​ထား​သော မျက်​လုံးပြူးပြူး​ကောင်​​လေးက မြစ်​ကမ်း​ဘေးတွင်​ ဆံပင်​နီ​ကြောင်​​ကြောင်​နှင့်​​ကောင်​​လေး ပတ်​​ပြေး​နေပုံကို ပြုံးကြည့်​​နေခဲ့သည်​....

_=_=_=_=_=_=_=_

Kai's POV

"ဒါ ဒီ​နေ့ဝတ်​ဖို့ Hyung....."

ပိုးပိတ်​​လေးနှင့်​ထုတ်​လာခဲ့​သော အကျီထုပ်​က​လေးထဲတွင်​ မ​နေ့က ဝတ်​ခဲ့​သော အကျီများနှင့်​ကွဲလွဲစွာ လှပတင့်​တယ်​​သော အထက်​တန်းဝတ်​ ပိုးအကျီက ကိန်း​အောင်း​နေ​လေသည်​...

"ဒါနဲ့....မ​နေ့ကစကားက အတည်​မလား??"

"Hum? ဘာကို??"

"Hyung ကျ​နော့်​ဖက်​မှာ ရှိတယ်​ဆိုတာ​လေ...."

ဟိုဖက်​လှည့်​ကာ အကျီချွတ်​​နေခဲ့​သော Kim Kai ၏လက်​အစုံတို့သည်​ ​လေထုထဲတွင်​ ခတ္တမျှရပ်​သန်းသွားရသည်​....

You've reached the end of published parts.

⏰ Last updated: May 17, 2018 ⏰

Add this story to your Library to get notified about new parts!

I In Megical World(​မှော်​ဝင်​ကမ္ဘာထဲက ကျွန်​​တော်​) [Discontinued]Where stories live. Discover now