Who else may He be?

636 92 2
                                    

ဒီလိုနဲ့ သူ ​ဗီဒိုတံခါးကို ​ကျော်​ဖြတ်​ပြီး ပန်းချီကားထဲကို သူ့​ခြေလှမ်း​တွေ စတင်​လိုက်​တဲ့အချိန်
ရှည်​လျားလှ​သော လူသွားလမ်း​လေး...
ဘေးဘီမှာလဲ သစ်​ပင်​များဖြင့်​ အုပ်​ဆိုင်း​နေသည်​...

သို့နှင့်​ သူ​နောက်​ကို လှည့်​ကြည့်​မိ​တော့....
သူထွက်​လာသည့်​ ​နေရာက သစ်​ပင်​တစ်​ပင်​....

သူ​လျှောက်​​နေ​သော လမ်းက​လေးမှာ ထိုသစ်​ပင်​ကို ဝိုက်​ပြီးမှ ပြန်​ဆုံစည်းပြီး ပြန်လည်​ ​ဖြောင့်​ဖြူးသွားသည်​....

သို့နှင့်​ Kaiလဲ သူ့ကို ဒီ​နေရာသို့ ​ခေါ်​ဆောင်​လာ​ပေး​သော သစ်​ပင်​ကြီးကို စူးစမ်းလို၍ ပြန်​လည်​ လှည့်​ခဲ့သည်​....

စာ​တွေ..ကျမ်းစာလိုလို ကျိန်​စာလိုလို!!!!
သို့​သော်​ အကုန်​လုံးက တရုတ်​စာလား ​ရှေး​ဟောင်း ကိုရိုးယားစာလား သူမသဲကွဲခဲ့.....
တချို့ စာ​တွေက တရုတ်​စာမှန်း သူသိ​ပေမဲ့ တချို့ကျ​တော့ သူမသိ...

တော်​​သေးသည်​က သူ ဘာသာစကား ​တော်​​တော်​များများကို ​ရေးတတ်​ ဖတ်​တတ်​ခြင်း....
ငယ်​ငယ်​က ဘာသာစကားမျိုးစုံကို အတင်းသင်​ခိုင်း​သော အ​မေကိုပင်​ ​ကျေးဇူးတင်​မိပြန်​သည်​...

ဒီလိုနဲ့ သူသိ​သော စာလုံးများက သစ်​ပင်​ကြီး၏ ထိပ်​မ​ရောက်​တ​ရောက်​ တွင်​​ရေးထားသည်​.....

အင်း...

The New Word of Miracle

ဒီလိုနဲ့ ​ရှေ့ကို ဆက်​သွားရမလား...
နောက်​ကိုပဲ ပြန်​သွားရမလား... စဉ်းစား​နေတုန်းမှာပဲ!!!

ရှေး​ခေတ်​ အဝတ်​အစား​တွေနဲ့ ကပိုကရို ​ပြေးလာတဲ့ ပုပု​သေး​သေး ​ကောင်​​လေး တစ်​​ယောက်​ကို ​တွေ့သွားပါတယ်​....

ထို ​ကောင်​​လေးက ​နောက်​က တစ်​စုံတစ်​ခု လိုက်​လာသလိုမျိုးကို အရှိန်​ပြင်းပြင်းနဲ့ ​ပြေး​နေ​တော့ သူလဲ ဘာမှန်းမသိ ​ကောင်​​လေး ဦးတည်​​နေရာကို လိုက်​ပြီး ​ပြေးပါ​လေ​ရော!!!!!!!

I In Megical World(​မှော်​ဝင်​ကမ္ဘာထဲက ကျွန်​​တော်​) [Discontinued]Where stories live. Discover now