The Magical World

839 107 5
                                    

ဒီလိုနဲ့ ​ဗီဒိုကို ဖွင့်​ကြည့်​မိလိုက်​​တော့........

လှလိုက်​တဲ့ ပန်းချီကား!!!!!!

တကယ်​ကို အသက်​ဝင်​လွန်းပါတယ်​...မသိရင်​ ​ဗီဒိုထဲကို ဝင်​ပြီး​လျှောက်​သွားရင်​ အဲ့ဒီထဲကို ​ရောက်​သွား​တော့မလိုလို....

တကယ်​ကို ချီးကျူးမိပါတယ်​....
ပန်းချီကားကို ဒီလို ​ဗီဒိုထဲ ထည့်​ပြီး အသက်​ဝင်​​အောင်​လုပ်​ထားတဲ့စိတ်​ကူးကို...

အခု​တော့ သ​ဘော​ပေါက်​သွားခဲ့ပါပြီ...ဘာလို့ ​ဗီဒိုက တံခါး​ပေါက်​နဲ့ တူ​နေရသလဲဆိုတာ....
တော်​ပါပြီ...ပန်းချီ အလှမှာခံစား​နေရင်​ အလုပ်​ပြီးမှာကို မဟုတ်​​တော့ဖူး...
ဒါနဲ့ပဲ ​ဗီဒိုကို အသာပိတ်​ကာ သန့်​ရှင်း​ရေးပဲ ပြန်​လုပ်​​နေ​တော့တယ်​....

ဒီလိုနဲ့ ကျွန်​​တော်​တို့တ​တွေ အလုပ်​လုပ်​ကြတာ အလုပ်​ကလဲပြီးလာသလို အချိန်​ကလဲ ​တ​ရွေ့​ရွေ့ကုန်​လာတယ်​....
တဖြည်းဖြည်းနဲ့ လုပ်​လာလိုက်​ကြတာ ​နေကဝင်​​တော့မယ်​....
ဒီလိုနဲ့...

"ကဲ ငါ့ညီ အိမ်​က​တော့ ​တော်​​တော်​​လေး ရှင်းပြီးသွားတာ မှန်​​ပေမဲ့ ငါ့ညီကို မ​နေ​စေချင်​​သေးဖူး.....မီးမရှိ ​ရေမရှိနဲ့....
ဒီည​တော့ အကို့အိမ်​မှာ အိပ်​လိုက်​​တော့ကွာ...."

"ဟုတ်​...ဒီလိုပဲ လုပ်​ရ​တော့မှာပဲ....Hyungကို အ​နှောင့်​အယှက်​​တွေ ​ပေးမိပြန်​ပီ..အားနာလိုက်​တာ​ဗျာ."

"မဟုတ်​တာ ငါ့ညီရာ...အကိုတို့မြို့ဆီကို လာတဲ့လူသစ်​ပဲ....​နောက်​မ​တွေ့ရမဲ့သူလဲမဟုတ်​ဖူး..ကို့မြို့သားဖြစ်​လာ​တော့မှာကိုပဲ​....ဘာမှ အားမနာနဲ့....​နောက်​ဆို အကိုက မင်းရဲ့ အကိုရင်းပဲ...မင်းက အကို့ညီပဲ"

"ဟုတ်​Hyung"

ကျွန်​​တော့်​အဖိုးရဲ့ ဇာတိမြို့​လေးကို ​ရောက်​လာတဲ့ ပထမဆုံး​နေ့​လေးက​တော့ တကယ်​ကို သာယာခဲ့ပါတယ်​...

Minseok Hyungနဲ့ ခင်​မင်​ခွင့်​ရခဲ့တာကလဲ ဘုရားသခင်​ ကျွန်​​တော့်​ကို ချီးမြင့်​တဲ့ ဆုလာဘ်​ တစ်​ပါးဖြစ်​ပါလိမ့်​မယ်​....

I In Megical World(​မှော်​ဝင်​ကမ္ဘာထဲက ကျွန်​​တော်​) [Discontinued]Where stories live. Discover now