Chapter - 3

5.6K 451 5
                                    

Your Master is Me

Chapter - 3 : " I don't want Money "

" ဘာ​ပြောလိုက်​တာလဲ "

" ဟွန်း . . . မင်းကို ဦးဝဏ္ဏဆီက ပြန်​ဝယ်​ထားတာလို့​လေ "

မျက်​ရည်​ ​ဒေါသထွက်​မိသွားသည်​။ သူမက အရုပ်​တစ်​ရုပ်​မှ မဟုတ်​တာ။

" ပြန်​ . . . "

" ပြန်​​ပေးမယ်​ဆိုတဲ့ စကား မ​ပြောတာ ​ကောင်းမယ်​ထင်​တယ်​ ၊ ​ထောင်​​ကျော်​​​တော့ မင်း ပြန်​ဆပ်​နိုင်​မယ်​ မထင်​ဘူး "

" ​ထောင်​ . . . ​ကျော်​ . . . "

ေ​ထာင်​​ကျော်ကြီး မ​ဖြစ်​နိုင်​ဘူး လို့ ​တွေးလိုက်​​ပေမယ့်​ ​မေသစ္စာ သုံးတာဆိုရင်​​တော့
ဖြစ်​နိုင်​သည်​။

" Time's up "

သခင့်​အသံ​ကြောင့်​ သူမ သတိပြန်​ဝင်​လာသည်​။

" ဟင်​ . . . "

အသံဆုံးတာနဲ့ သခင့်​မျက်​နှာက ငုံမိုးကျလာတာ​ကြောင့်
မျက်​ရည်​ မျက်​လုံး​တွေကို မှိတ်​ပစ်​လိုက်​မိသည်​။

မျက်​ရည်​ ရုတ်​တရက်​မလို့ ရုန်းရမယ့်​အစား မျက်​လုံး​တွေကို မှိတ်​ထားလိုက်​မိသည်​။

မျက်​လုံး​တွေကို အတင်းမှိတ်​ထားပြီး ​ကြောက်​​နေတဲ့ပုံ​ကြောင့်​ သခင်​ သူမကို လက်​နှစ်​ဖက်​နဲ့ချုပ်​ထားရာက​နေ လွှတ်​လိုက်​သည်​။

သူလိုချင်​တာ အတင်းအကျပ်​ပုံစံမျိုးမှ မဟုတ်​တာ။

ချုပ်​ထားရာက​နေ အလွှတ်​ခံလိုက်​ရ၍ မျက်​ရည်​ ​ကြောင်​သွားရသည်​။

" I want you but not today "

သခင့်​အသံ​ကြောင့်​ မျက်​ရည်​ မျက်​လုံးဖွင့်​ကြည့်​လိုက်​မိသည်​။

သခင်​က သူမနဲ့ မလှမ်းမကမ်းမှာ မျက်​နှာချင်းဆိုင်​ ရပ်​​နေ​လေသည်​။

" ပိုက်​ဆံကို မရ ရ​အောင်​ ပြန်​ဆပ်ပါ့​​​မယ်​ "

မျက်​ရည်​ သူ့​ရှေ့က​နေ လှည့်​ထွက်လာ​​လိုက်​သည်​။

ဒါ​ပေမယ့်​ အ​နောက်​က​နေ သူမလက်​​မောင်းတစ်​ဖက်​ကို လှမ်းဆွဲလိုက်​တာ​ကြောင့်​ အပြင်​ထွက်​ဖို့ ပြင်​​နေတဲ ​ခြေလှမ်း​တွေ ရပ်​တန့်​သွားရသည်​။

Your Master is MeWhere stories live. Discover now