Chapter - 16

5.5K 439 39
                                    

Your Master is Me

Chapter - 16 : " His past "

သူမ . . . သခင့်အခန်းကို ရောက်တော့ သူက ကုတင်အစွန်ဖျားမှာ ထိုင်နေလေသည်။

" လွန်ခဲ့တဲ့ နှစ်နှစ် . . . ကိုယ့်အသက် ၂၁ တုန်းက ၊ အတိအကျပြောရရင် မေသစ္စာ ဆေးကျောင်းဒုတိယနှစ်မှာ အင်္ဂလန်ကို ခဏလာသေးတယ် ၊ တစ်ညမှာ သူနဲ့ ကိုယ် Nightclub တစ်ခုမှာ တွေ့ခဲ့ကြတယ် ၊ သူက ကိုယ် ဘယ်သူမှန်း သိတော့ အဲ့ဒီ့နေ့ကစပြီး ကိုယ့်နားပဲ ကပ်နေခဲ့တယ် ၊ အဲ့ဒီ့တုန်းက ကိုယ့်မှာ အရမ်းချစ်ရတဲ့ Kate ဆိုတဲ့ ချစ်သူရှိတယ် ၊ Kate ကလည်း မေသစ္စာနဲ့ ရွယ်တူပဲ ၊ Kate က ချစ်ဖို့ကောင်းပြီး စိတ်ထားဖြူစင်ပေမယ့်
အပျော်အရမ်းမက်လွန်းတယ် ၊ အဲ့ဒါကြောင့် . . . သူ မသေသင့်ပဲ သေခဲ့ရတာ "

ပြောရင်း သခင့်အသံက တိမ်ဝင်သွား၍ မျက်ရည် ကရုဏာသက်စွာ ကြည့်လိုက်မိသည်။

သခင်ကတော့ ပြတင်းပေါက်ဘက်ကိုသာ ငေးနေလေသည်။

" မေသစ္စာ ပြန်ဖို့ လေးရက်အလို ညက ကိုယ့်ဆီ လာမေးတယ် ၊ သူ့ကို ရွေးမှာလား ၊ Kate ကို ရွေးမှာလားတဲ့ ၊ ကိုယ်က Kate ကိုပဲလို့ ဖြေခဲ့တယ် ၊ နောက်နှစ်ရက်နေတော့ Kate က Party တစ်ခုကို သွားခဲ့တယ် ၊ အဲ့ဒီ့နေ့က ကိုယ် တစ်ညလုံး Kate ဖုန်းကို စောင့်နေခဲ့ပေမယ့် Kate ဆီက ဖုန်းမလာခဲ့ဘူး ၊ သူ ဘယ်သွားတယ်ဆိုတာကိုလည်း ကိုယ့်ကို မပြောပြဘူး ၊ နောက်နေ့ နေ့လည် Facebook မှာ Kate ကို တပ်ထားတဲ့ Video တစ်ခု တွေ့လို့ ကိုယ် ကြည့်လိုက်တယ် ၊ အဲ့ဒီ့ထဲမှာ Kate နဲ့ ကောင်လေးတစ်ယောက်နဲ့ . . . "

သခင့်စကားသံတွေ ထွက်မလာတော့ပေမယ့် မျက်ရည် နားလည်လိုက်သည်။

" စိတ်တိုဖို့ထက် ကိုယ့်ခေါင်းထဲ အရင်ဆုံးဝင်လာတာက Kate က
ဒီလိုလုပ်မှာ မဟုတ်ဘူးဆိုတာကိုပဲ ၊
ကိုယ် ချက်ချင်းပဲ တင်တဲ့လူကို မရရအောင် လိုက်ရှာတော့ ထင်တဲ့အတိုင်း သူက မေသစ္စာ ဖြစ်နေခဲ့တယ် ၊ တရားခံ ဘယ်သူဆိုတာကို သိတာနဲ့ Kate ကို စိတ်ပူပြီး နေရာအနှံ့လိုက်ရှာခဲ့တယ် ၊ ညနေရောက်တော့ ကိုယ့်လူတစ်ယောက်က Kate ကို တွေ့ခဲ့တယ် ၊ ဒါပေမယ့် . . . Kate က အသက်မဲ့နေပြီ ၊ သူကိုယ်သူ အဆိပ်သောက်သေခဲ့တာ "

Your Master is MeWhere stories live. Discover now