Chapter - 13

6.1K 504 40
                                    

Your Master is Me

Chapter - 13 : " Not again "

" ကျွန်တော် ဘယ်သူဆိုတာကို သိမယ်လို့ ထင်ပါတယ် . . . "

" ဟွန့် . . . ကိုယ့်ဆီ မင်း လာလိမ့်မယ်ဆိုတာကို သိနေပေမယ့်
ဒီလောက်ထိ စောမယ်လို့ မထင်ထားခဲ့ဘူး "

" ကျွန်တော်လည်း ကျွန်တော့်ကိစ္စလေးအတွက်နဲ့ဆို အခုလို လာတွေ့မယ့်လူ မဟုတ်ပါဘူး ၊ အခုက ကျွန်တော့် မမအတွက်ကြောင့်သာ . . . "

" မင်းမမအတွက် . . . ? "

သူ့စကားကြောင့် သခင် မျက်ခုံးတစ်ချက်ပင့်ကာ ကြည့်လိုက်သည်။

" အမလတ်ကြောင့် မမကို ချဉ်းကပ်နေတာဆိုရင် . . . "

" မင်း အမအလတ်အကြောင်းကို
ကိုယ် စိတ်မဝင်စားဘူး "

သူ . . . သခင့်မျက်လုံးတွေကို သေချာ အကဲခတ်ကြည့်နေလိုက်သည်။

" ထားလိုက်ပါတော့ ၊ ကျွန်တော် အခုလာတာက ပြောစရာရှိလို့ ၊ ပြောစရာဆိုတာထက် တောင်းဆိုတာဆို ပိုမှန်မယ် ထင်တယ် "

သူ့စကားကြောင့် သခင် စိတ်ဝင်စားသွားရသည်။

" ကျွန်တော်တို့က ဒီနေ့ညနေဆိုရင် ဘော်ဒါသွားရတော့မှာ ၊ ကျွန်တော်တို့သွားရင်
အိမ်မှာ မမတစ်ယောက်တည်း ကျန်ခဲ့မှာ "

" အဲ့ဒီ့တော့ . . . "

" အစ်ကိုက မမကို တကယ်စိတ်ဝင်စားနေတာဆိုရင် မမကို အမလတ်ရန်ကနေ ကာကွယ်ပေးဖို့ တောင်းဆိုချင်လို့ပါ "

မထင်မှတ်ထားတဲ့စကားကြောင့် သခင် မျက်မှောင်ကျုံ့မိသွားသည်။

" အစ်ကို့ထက် အစ်ကိုထင်ရှားက ပိုယုံရပေမယ့် သူက အမလတ်ကို အရမ်းချစ်ခဲ့တော့. . . "

" ဒါနဲ့ ခဏလေး . . . မင်းပြောတဲ့ အမလတ်ရန်ကနေ ကာကွယ်ဖို့ဆိုတာ ဘာကိုဆိုလိုတာလဲ "

" ဟူး . . . မနေ့ညက အစ်ကို . . . မမကို အိမ်ပြန်လိုက်ပို့တာကို မမကို ထွက်စောင့်နေတဲ့ ကျွန်တော် မြင်လိုက်တယ် ၊ ပြီးတော့ ကျွန်တော့်အပြင် အစ်ကိုတို့ကို မြင်သွားတဲ့ လူတစ်ယောက်ရှိတယ် ၊ သူက . . . မေသစ္စာ . . . "

" ဟင် . . . "

" ကျွန်တော် ဘာလို့ ဒီလိုတွေပြောနေတယ်ဆိုတာ အစ်ကို ကောင်းကောင်းသိမှာပါ ၊ တကယ်လို့ အစ်ကိုက အမလတ်အတွက်နဲ့ မမကိုချဉ်းကပ်နေတာဆိုရင် အခုကစပြီး မမနဲ့ဝေးဝေးမှာ နေပေးပါ ၊ ဒီစကားပြောချင်လို့ လာတွေ့တာပါ ၊ ပြန်လိုက်ပါဦးမယ် "

Your Master is MeWhere stories live. Discover now