အပြာရောင်ရင်ခွင်တမ်းချင်း.......

8.6K 608 14
                                    

ဘဝမှာ.... တစ်ခါလောက်... မိုးကုပ်စက်ဝိုင်းထဲ ခုန်ချကြည့်ချင်ဖူးပါသလား....။

ပြာလွင်လွင်ကောင်းကင်တစ်ခုက... ခင်ဗျားကို ရင်ဖွင့်ကြိုနေပါလိမ့်မယ်...။

ကျွန်တော်... ခုန်ချခဲ့ဖူးတယ်...
ကောင်းကင်နဲ့ တူတဲ့ လူတစ်ယောက် ရင်ခွင်ထဲကို.... ။

•••

အဲ့ဒီနေ့က... တိမ်စုတွေ.. အပြာရောင် ပင်လယ်ထဲ ကူးခတ်လို့... ။

ကျွန်တော့်ရဲ့ ကောင်းကင်ဟာ... တက္ကသိုလ် အားကစား ခန်းမရဲ့... ဘက်စကတ်ဘောကွင်းထဲမှာ.. မိုးသား ကင်းစင်လို့နေတယ်...။

လှလှပပ ဆက်တိုက် ဝင်နေတဲ့ ဘက်စကတ်ဘောလုံးဟာ.. ဖြာကျနေတဲ့ နေရောင်ခြည်နဲ့ အပြိုင် သွက်လက် ရွှင်မြူးလို့...။
ချွေးစက်တို့ သီနေသော.... သူ သို့မဟုတ်... ကျွန်တော့်ရဲ့ကောင်းကင်ဟာ... အစွမ်းကုန် တက်ကြွလို့...။

ဆူညံအော်ဟစ်အားပေးသံတွေ နားထဲက လျှံထွက်သွားကြသလိုမျိုး ....။
ရှုပ်ယှက်ခတ်နေတဲ့... လူများစွာ.. မြင်ကွင်းက ဝေဝါးပေးထားသလိုမျိုး.... ။

ကျွန်တော့်ရဲ့... တစ်ခုတည်းသော... အာရုံဟာ... အနားယူချိန်
ကွင်းလယ်ကနေ... လျှောက်လာနေတဲ့.... သူ့ဆီမှာသာ ရှိတယ်...။
အနားကို ရောက်လာတဲ့.. သူ့ဆီ အလိုလို ကမ်းပေးမိတဲ့ ရေဘူးတစ်ဘူးမှာ... ခစားခြင်းတို့ တံဆိပ်ကပ်ပြီးသား..။

ပြုံးပြရင်း.. ဆွဲယူလိုက်တဲ့ အဲ့ဒီရေဘူးထဲ... ကျွန်တော့် နှလုံးခုန်သံတွေ ကပ်ငြိနေပါလိမ့်မယ်...။
တစ်ညလုံး... ကျွန်တော် ခေါင်းအုံး အိပ်ထားခဲ့တဲ့... အဖြူရောင်.. သဘက် အသေးတစ်ထည်ကိုပါ... သူ လှမ်းယူ ချွေးသုတ်လိုက်တဲ့ အခါမှာတော့.. ကျွန်တော့်ရဲ့ ရုပ်ရယ် နာမ်ရယ် စတင် ကွဲပြားသွားပြီပဲ ဖြစ်တယ်... ။

နှလုံးသားကတော့..... သူဆွဲဖွသွားတဲ့... ကျွန်တော့် ဆံပင် နီနီတွေလို... ရှုပ်ယှက်ခတ်နေခဲ့ပါတယ်....။

•••

လွန်ခဲ့သော တစ်နှစ်... ။

" မင်း... ဘာရှာနေတာလဲ... "

မပီမသ ကိုရီးယား စကားရယ်... လွဲနေသော...သဒ္ဒါ အချို့ရယ်နဲ့... ကွဲပြားခြားနားသော... လူတစ်ယောက်က ကျွန်တော့်အနောက်မှာ... ကူညီလိုဟန်.. မတ်တပ်ရပ်လို့...။

အပြာရောင်ရင်ခွင်တမ်းချင်း..........Where stories live. Discover now