အပြာရောင်ရင်ခွင်တမ်းချင်း.......

4.2K 516 17
                                    

ကျွန်တော် နဲ့ စီနီယာတို့ တရားဝင်တွဲနေကြပြီဆိုသည့် သတင်း ပျံ့နှံ့သွားသည့်အခါ... Han သည်...အံ့ဩတကြီး
ကျွန်တော့်ကို စပ်စုတော့သည်... ။

ထို့နောက် ပြုံးလျက်... မင်းတော့ ကံကောင်းတာပဲ... Chanyeolဟု... မှတ်ချက်ချသွားသည်.... ။

ကျွန်တော် ထိုသို့ မျှော်လင့်ခဲ့မိသည်... ။ မျှော်လင့်ချက်များသည်... တက်တက်စင်အောင် သောက်တလွဲ ဖြစ်နေသည်ကိုတော့... ကျွန်တော်တို့ တွဲပြီး... ၆ လအကြာတွင် တဖြည်းဖြည်း သဘောပေါက်လာတော့သည်.. ။

( Wu Yifan က သိပ် Social ကျတယ် )

ဆိုသည့် စကားအား ..... Social Media များတွင်... မကြာခဏ တက်လာလေ့ ရှိသည့်... ခပ်ဟော့ဟော့ မိန်းကလေးများနဲ့ သူ့ဓာတ်ပုံများက .. သက်သေခံလျက်ရှိသည်... ။

(ကျေးဇူးပြုပြီး... မိန်းကလေးတွေနဲ့.. ကင်းကင်းနေပါလား) လို့... တောင်းဆိုမိသည့် အခါ.....

( မင်းက သိပ်ပူပန်တယ်....ငါတို့ နှစ်ယောက်အကြောင်း... တက္ကသိုလ် တစ်ခုလုံး သိနေတာပဲမဟုတ်လား ... )

ဆိုသည့် စကားများအား... ခပ်ပြုံးပြုံးပြန်ဖြေခဲ့သည်....။
ထိုအဖြေအား... ခပ်ရိုင်းရိုင်း ဘာသာပြန်ကြည့်မိသည့်အခါ...

( မင်းကို တရားဝင် တွဲနေပြီးသား.မဟုတ်လား... ငါ့ဘာသာ Silent ဘယ်နှစ်ယောက်ရှိရှိ )...

ဟု အဓိပ္ပါယ်ရလေသည်.... ။

•••

သူ ကျွန်တော့်ကို မချစ်ပါ.... ။ ဒါသည် ၆ လအတွင်း... ကျွန်တော် ရှင်းလင်းစွာ... နားလည်သဘောပေါက်ခဲ့သည့်...
တစ်ခုတည်းသော အဖြေဖြစ်သည်...။

ဘက်စကတ်ဘောလေ့ကျင့်ရေးအချိန်များသည်...
ကျွန်တော်နဲ့ အတူ... ချိန်းတွေ့ရန်ထက်.. ပို အရေးကြီးနေတတ်တာမျိုး....။

သူ့ ပြဇာတ်ထဲမှ... မိန်းကလေးများ၏ အထွေထွေသော... ကိစ္စများထက်... ကျွန်တော်က အနောက်ရောက်နေတာမျိုး....။

Instagram မှ... message box များတွင်တော့...
ကျွန်တော်... မသိချင်မှ အဆုံး... မိန်းကလေးပေါင်းများစွာ
ရှိနေတတ်တာမျိုး.... ။

ပြောရမည်ဆိုလျှင်.... သူ့၏ ... Social ကျပုံများသည်.. အနည်းနည်း အဖုံဖုံပင် ဖြစ်သည်... ။

အပြာရောင်ရင်ခွင်တမ်းချင်း..........Where stories live. Discover now