အပြာရောင်ရင်ခွင်တမ်းချင်း......

4K 494 36
                                    

ကျွန်တော့်ရဲ့ ကောင်းကင်ပြိုကျသွားတဲ့နေ့က တိမ်တွေဟာ သိပ်လှနေကြတာပါပဲ... ။ မှားသွားတယ်...။ တကယ်ဆို ကောင်းကင်ဟာ ပြိုပျက်နေခဲ့တာ ကြာပြီပဲ ...။ ကျွန်တော့်ရဲ့ လျစ်လျုရှုခြင်းတွေ...ခန္တီတရားတွေနဲ့ ဖာထေးထားခဲ့လို့... သိပ်မသိသာခဲ့တာမျိုးပါ..။

" ငါတို့ လမ်းခွဲကြစို့.. Chanyeol .. လာမယ့် အဂါင်္နေ့မှာ Beijing ကို ငါပြန်တော့မယ်.. "

ကျွန်တော် ဘယ်ဘာသာတရားကို တ ပစ်လိုက်ရမလဲ ဆိုတာမျိုးတောင် မတွေးတတ်တော့တဲ့အထိ...။ တဖြည်းဖြည်းနီးကပ်လာတဲ့ အဆုံးသတ်တစ်ခုက ဒီလောက်မြန်မြန်ကြီး ကျွန်တော့်ရှေ့ ရောက်လာစရာလိုလို့လား....။ ကျွန်တော့်ရဲ့ နာကျင်ခံခက်ခြင်းတွေဟာ ပေါက်ကွဲပစ်ဖို့ မေ့လျော့သွားရလောက်တဲ့ ပမာဏမျိုးပါပဲ... ။
ကျွန်တော် ဆွံ့အနေခဲ့တယ်..။ ကျွန်တော် ငေးကြည့်နေခဲ့တယ်...။ ဒီလူ....။ လူတစ်ယောက်ကို တမြတ်တနိုးနဲ့ ဘယ်လို ကိုးကွယ်ရသလဲ ဆိုတာမျိုး သင်ကြားပေးခဲ့တဲ့လူ...။ လူတစ်ယောက်ကို ကောင်းကင်တစ်ခုလို မျက်စိစုံမှိတ်ပြီး ဘယ်လို ယုံကြည်ရမလဲဆိုတာမျိုး သင်ကြားပေးခဲ့တဲ့လူ...။

( ကျွန်တော့်ကို ဒီလို လမ်းခွဲမသွားပါနဲ့ .. ) လို့ ခခ ယယ တောင်းပန်မိရမယ့် အစား.. ကျွန်တော် အသာလေး ငြိမ်သက်ရင်း စူးစိုက်ကြည့်နေမိတယ်...။ ကြည့်ထားစမ်း..။
နောက်ထပ် ဘယ်တော့မှ ကျွန်တော် ပိုင်ဆိုင်နိုင်ခွင့်မရှိတော့တဲ့ ကျွန်တော့်ရဲ့ ကောင်းကင်ပြာ...။

" Chanyeol .."

" ... ရှူး .. ခဏလေး ...ခဏလေး တိတ်တိတ်ဆိတ်ဆိတ် နေပေးပါလား.. ပြီးရင် ကျွန်တော် ဘာတစ်ခွန်းမှ စောဒက မတက်ပဲ စီနီယာ့ရှေ့က ထွက်သွားပေးမှာပါ... "

ကျွန်တော် ဝေဝါးလာတယ်...။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ချက်ချင်းကြီး တစ်ခုခု ကွာခြားပစ်လိုက်သလို ခံစားမှုမျိုး...။ ကျွန်တော် ငေးနေရတဲ့ သူ့မျက်ဝန်းတွေဟာ.. ဗလာသက်သက်ပဲ..။
ပါးရိုးတွေချောင်သွားတယ်...။ ကျွန်တော် မရှိတော့ရင် ဆေးလိပ်တွေ ဆက်မသောက်ဖို့ သူ့ကို ဘယ်သူ သတိပေးမှာပါလိမ့်...။ ညဥ့်နက် သန်းခေါင်တွေ ကော်ဖီ ထသောက်ပြီး ပြဇာတ်မရေးဖို့ ဘယ်သူ တားမြစ်မှာပါလိမ့်..။ မနက်စာ မစားပဲ... မနေဖို့.. ဘယ်သူက တဖွဖွလိုက်ပြောနေမှာပါလိမ့်...။

အပြာရောင်ရင်ခွင်တမ်းချင်း..........Where stories live. Discover now