အပြာရောင်ရင်ခွင်တမ်းချင်း......

3.8K 432 60
                                    

ကျနော် အလဲလဲအပြိုပြိုနဲ့ ပြန်လည်ခိုဝင်ခဲ့မိတဲ့ မေမေ့ ရင်ခွင်က သိပ်ကို နွေးထွေးပါတယ် ။ ကျနော်ရဲ့ နိုင်ငံခြားမှာ
ဆက်မနေချင်တော့တဲ့ ခပ်ကြောင်ကြောင်
အကြောင်းအရင်းကို  ဘယ်သူမှ စောဒက
မတက်ကြတဲ့ အတွက်လည်း ကျေးဇူးတင်ရပါရဲ့။

လူတစ်ယောက်အနေနဲ့ အချစ်အတွက်
(ဪ .. မှားသွားတယ် ) လူတစ်ယောက်အတွက်
ဘယ်အတိုင်းအတာလောက်အထိ ကြေကွဲပျက်စီးပေးရမှာများလဲ ...။ ကျနော်ရဲ့ ကြည်နူးဆွတ်ပျံ့စွာ
နာကျင်စရာကောင်းလွန်းတဲ့ အတိတ်ကို ချန်ထားပစ်လိုက်ပါပြီ ။
ကျနော်တို့ တစ်စုံတစ်ခုကြောင့်
သိပ်နာကျင်သွားမိတဲ့အခါ မျက်ရည်တွေမကျမိကြတော့ဘူး
ထင်ပါရဲ့။ အဲ့ဒီအစား ကျနော်တို့
အရာအားလုံးအပေါ် လျစ်လျူရှုရင်း
ပြုံးမိတတ်လာတယ်။
•••
အရယ်အပြုံးနည်းသွားတဲ့ ကျနော့်ကို မေမေက
သိပ်စိုးရိမ်နေခဲ့သည် ။အရိပ်တကြည့်ကြည့်
ဂရုစိုက်နေသည့်ကြားထဲက ကျနော်က မိုးရေထဲ ညလုံးပေါက်
ထိုင်မိတတ်ပြန်သည်။ သို့သော် ကျနော် နေမကောင်း မဖြစ်ချင်...။
အကယ်၍များ ကျနော် ကိုယ်ပူလွန်သွားသည့်အခါမျိုးမှာ
ရင်းနှီးကျွမ်းဝင်နေကျ နာမ်စားတစ်ခုခုအား ယောင်ယမ်းတမ်းတမိလျှင်
ခက်ကုန်ပါလိမ့်မည်..။

ကျနော်တယောက်တည်း အခန်းတံခါးပိတ်နေသည့်
အခါမျိုးတွင်တော့ အိမ်သားများထဲမှ
တစ်ယောက်ယောက်က မကြာခဏဆိုသလို
အခန်းအနီးအနားတွင် မယောင်မလည်
လာလုပ်လေ့ရှိ၏။ တစ်ခုခု မိုက်မိုက်မဲမဲ
ဆုံးဖြတ်ပစ်လိုက်မည်ကို စိုးရိမ်နေသလား မသိ။

( လူတစ်ယောက်ကို အဆုံးစွန်ထိ ချစ်မိသွားပြီးတဲ့
အဖြစ်မျိုးထက်များ ပိုပြီး မိုက်မဲတဲ့ လုပ်ရပ်မျိုး
ရှိသေးလို့လား မေမေရယ် )

အဲ့သည်လို တွေးမိတော့ ကျနော် တယောက်တည်း ခြောက်ကပ်ကပ် ရယ်မိပြန်သည် ....။

•••

" မေမေ တစ်ခုလောက်တော့ မေးချင်တယ်
သား အသည်းကွဲလာတာလားဟင် "

ကျနော့်ရဲ့ စိတ်ဆင်းရဲမှု ပုံစံအမျိုးမျိုးအပေါ် ဆက်လက်
မြိုသိပ်ကြည့်ရှုနေနိုင်စွမ်းရှိပုံ မရတော့သည့် မေမေက
ထုတ်မေးလာခဲ့သည် ။ကျနော် ခြံထဲရှိ
ကတ်တလီယာ သစ်ခွများအား အကြောင်းမဲ့
အခ်ျန်တော်တော်ကြာ ငေးမောနေခဲ့သည့်
ညနေပိုင်း ဖြစ်သည်။

အပြာရောင်ရင်ခွင်တမ်းချင်း..........Where stories live. Discover now