အပြာရောင်ရင်ခွင်တမ်းချင်း.......

3.7K 468 12
                                    

ဖြစ်ပျက်ခဲ့သည့် ပြဿနာရပ်အား... သူသည် မည်သို့မျှ မဖြေရှင်း.... ။ ကိစ္စတစ်ခုလုံးတွင်... သူကပဲ မှန်ကန်နေခဲ့သလို.... ။ ကျွန်တော်ကပဲ နားလည်မှုအလျဉ်း ကင်းမဲ့သည့် သဘောထားသေးသိမ်သူ တစ်ဦးလို....။

ဗလာဖြစ်သွားသည့်.. ခံစားမှုတစ်ခုကြောင့် .....
ကျွန်တော့်ဘက်က ဥပေက္ခာပြုမှုကိုပင် သူက ဂရုတစိုက် လိုက်လံရှင်းပြမနေတော့.... ။ ကျွန်တော်
ပြင်ပေးထားသည့်.... ညစာကို အနည်းငယ် စားပြီးနောက်..
သူ့ စာကြည့်ခန်းရှိရာသို့ ဝင်နေခဲ့သည်....။

ခဏအကြာ... ဂစ်တာသံထွက်ပေါ်လာသည်....။ သူ ဂစ်တာ မတီးတော့သည်မှာ....သိပ်ကို ကြာနေခဲ့ပြီ ဖြစ်သော်လည်း... အရင်လို လက်သံအတိုင်း....။

......If U ever leave me .. Baby ...--

......... leave some morphine at my door --

ကျွန်တော် ဖတ်ချင်ယောင်ဆောင်နေခဲ့သည့်.. မဂ္ဂဇင်းစာအုပ်ကို ခပ်ဖြည်းဖြည်း ပိတ်ရင်း... သူ့ အသံကို အာရုံစိုက်လိုက်မိသည်.... ။

-- There's no religion that could save--...

Bruno Mars ရဲ့ It Will Rain အား... မည်သည့် အကြောင်းပြချက်ဖြင့်.. သူက ဆိုညည်းနေသလဲ... ကျွန်တော် နားမလည်ခဲ့... ။

-... There'll be no sunlight ..---

-- I'll pick up the broken pieces --- ...

နောက်ထပ် ထပ်ပြီး... သူ့ဆီက ကျွန်တော် ဘာကို မျှော်လင့်ရဦးမည်လဲ... ။
တစ်စစီဖြစ်နေခဲ့သည့် အပိုင်းအစများအား... အကောင်းပကတိ အတိုင်း ပြန်ဆက်၍ ရရန် မလွယ်ကူပါ...။ကျွန်တော် အဆုံးသတ်ချင်နေပြီ....။

ထပ်ခါတလဲလဲ ထို သီချင်းကိုသာ .. သူ ဆက်တီးနေခဲ့သည်မှာ... သိပ်ကြာလွန်းနေပြီ... ။
ကျွန်တော်ကပဲ.. အရူးလို စိတ်ပူလာရပြန်သည်... ။
စာကြည့်ခန်းတံခါးအား.... ဖွင့်ဝင်လိုက်သည့်အခါ... သူ ဆက်လက်၍ ဂစ်တာတီးနေဆဲ ဖြစ်သည်... ။
ခပ်တိုးတိုး ဆိုညည်းနေဆဲဖြစ်သည်...။

မတီးခဲ့သည်မှာ ကာလအတော်ကြာနေခဲ့သည့်.. သူ့ လက်ချောင်းသွယ်သွယ်များအား... လှမ်းကြည့်လိုက်မိသည်... ။

( ဘုရားသခင် !! )

စုတ်ပြတ်သတ်ပွန်းပဲ့နေသည့် လက်ချောင်းထိပ်များက ကျွန်တော့်ရင်ကို တစ်စစီ ဆွဲဆုတ်ပစ်လိုက်သလိုမျိုး.....။
သူ့အနားတိုးကပ်ကာ.. အလျင်အမြန် ဆွဲယူတားမြစ်မိလိုက်သည်.... ။

အပြာရောင်ရင်ခွင်တမ်းချင်း..........Waar verhalen tot leven komen. Ontdek het nu