အပြာရောင်ရင်ခွင်တမ်းချင်း.......

3.8K 516 29
                                    

(ဘယ်အချိန် ကျွန်တော့်ကို လူသိရှင်ကြား စွန့်ခွာသွားမှာလဲ)

လွန်ခဲ့သည့်.. လများကအထိ... သူ့အပေါ် ဖြည့်စွက်နားလည်ပေးနေခြင်းကို... သံသယများက တဖြည်းဖြည်း.. နယ်ချဲ့သွားကြသည်... ။
တကယ်တော့... ကျွန်တော်က ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေခြင်းသာ ဖြစ်သည်... ။

( သိပ်မကြာပါဘူး ) ဆိုတဲ့ သူ့ရဲ့ ခရီးကာလက ...
အနည်းဆုံး ၂ပတ်လောက်လို့ ထင်ထားခဲ့တာ... ။
၁ လကျော်သည်အထိ... လေလှိုင်းက တစ်ဆင့်တောင် အဆက်အသွယ်မရတဲ့အခါ... စိတ်ဆိုးဒေါသဆိုတာမျိုးထက်.. ကျွန်တော်က စိုးရိမ်ကြောင့်ကြ ကြီးနေခဲ့တာ... ။

ကျွန်တော့်ကို မြင်တိုင်း.. သနားစာနာသလို ပြုံးကြည့်တတ်တဲ့... သူ့ သူငယ်ချင်း အသိုင်းအဝိုင်းကို မပက်သက်ချင်ပေမယ့်.. ကျွန်တော့်မှာ.. တစ်ခြား နည်းလမ်းမှ မရှိပဲ... ။

" စီနီယာ Lu Feng .. သူ ဘယ်တော့ ပြန်လာမယ်လို့ ပြောသွားသေးလားဟင် "

စီနီယာ Lu Feng သည် သူ့သူငယ်ချင်းများထဲတွင် .. အခြားသူများထက်.. ကျွန်တော့်ကို ပို၍ ခင်မင်ဟန်ရှိသည်..။

" မသိဘူး.. ကိုယ့် အထင်တော့...ဒီကောင် အလည်အပတ် တစ်ခုခု သွားတာနေမှာ.. မင်းဆီ ဖုန်းမဆက်ဘူးလား..."

ရှက်ရွံ့သိမ်ငယ်ဖို့ကိုတောင် ကျွန်တော် မေ့လျော့တတ်နေပါပြီ... ။

သို့မဟုတ်

ချိုမြိန်သော လျစ်လျုရှုခြင်းများအား.. ကျွန်တော်
အသားကျလာခဲ့ပါပြီ... ။

ခေါင်းခါပြမိသည့်အခါ... စီနီယာ Lu Feng က
ပြုံးပြရင်း သူ မအားလို့ ဖြစ်မှာပါဟု နှစ်သိမ့်သည်...။

ကျွန်တော် ကျေးဇူးတင်စွာ နှုတ်ဆက်စကားဆိုရင်း အိမ်ပြန်ခဲ့သည်...။

•••

တကယ်တော့ စီနီယာက Chanyeol ဆိုသော
သူ့ တရားဝင် လူ ကျွန်တော့်ကို သိပ်ကို ထောက်ထား သက်ညှာပါသည်....။

၁လ ကျော်သည်အထိ... အဆက်အသွယ်ပြတ်နေခဲ့သော... ကျွန်တော့်၏ စိုးရိမ်သောကများကို ရိပ်မိဟန်ရှိပြီး...
Instagram တွင် ဓာတ်ပုံတစ်ပုံ
Update လုပ်ပေးခဲ့သည်... ။

အပြာရောင်ရင်ခွင်တမ်းချင်း..........Where stories live. Discover now