Part-3

6.6K 566 2
                                    

"ချန်ပီယံလေး ထတော့ကွာ ကိုကိုတောင် လမ်းလျောက်ပြန်လာပြီ"
"ငါးမိနစ် ငါးမိနစ် ပဲကိုကို"
"အာ ဆယ်တန်းကျောင်းသားတစ်ယောက်လုပ်နေပြီး အဲလိုတွေ အပျင်းကြီးတာ ကိုကိုမကြိုက်ဘူးနော်"
"ကိုကိုကလည်း ..."
စူပုပ်ပြီးထလာတာလေးက ရယ်ချင်စရာကောင်းနေပေမဲ့ မရယ်မိပါ အလိုလိုက်ရမဲ့အထဲမှာ အချိန်မတိကျစေမဲ့ သင်ခန်းစာတွေမပါတာမို့ ...
"ကိုယ်ကျောင်းသွားရမဲ့အချိန်ကိုလေးစားရမယ်လေ သွား သွား မျက်နှာသွားသစ်တော့"
"ဟုတ်"

"ကိုကို လိုက်ပို့မှာမို့လား"
"ဟင် လေးလေးလိုက်ပို့မှာလေ ကိုကို မက်မန်းခြံဘက်သွားရဦးမှာမို့"
"#####dee dee#####"
ရုတ်တရက်ထမြည်လာသောဖုန်းသံကြောင့် ကြည့်လိုက်မိတော့ တစ်ခါမှမမြင်ဖူးသောဖုန်း screen ပေါ်ကနာမည် အပြေးအလွှားစဉ်းစားမိတော့မှ
"ကိုခေတ်နေသွေး က မေရတီ မေရတီ ပဲခေါ်နေတော့ ရှည်လဲရှည်ပြီး စိမ်းနေသလိုကြီး မာမီတို့ခေါ်သလိုပဲ မေးလေးလို့ခေါ်လေ မေလေးလည်း ကိုခေတ်လို့ပဲခေါ်တယ် အဆင်ပြေတယ်မို့လား"
သွက်လက်စွာပြောရင်းသူ့ဖုန်းနံပတ်ကိုရိုက်ထည့်ပြီးတော့လည်း
"မေလေး လို့ပဲမှတ်လိုက်တော့မယ်နော်"
လို့ပြောသွားတဲ့ကောင်မလေး
"ဟဲလို မေလေး"
"..."
"ဟုတ်ကဲ့ ကျွန်တော်ခုပဲ အဲဒီကိုလာတော့မလို့ဗျ"
"..."
"ဟုတ်ကဲ့ see u ပါဗျာ"
ဖုန်းပြောနေတာကို တမေ့တမောငေးကြည့်နေရာက စားလက်စ ပေါင်မုန့်ကြက်ဥကြော်နဲ့နွားနို့ဖန်ခွက် အရာမယွင်းခင် ထထွက်သွားတာမို့
"ငယ်လေး ကုန်အောင်စားသွားလေ"
"သား ကျောင်းနောက်ကျနေပြီမို့ မစားတော့ဘူး"
"ညနေကျမှ ကိုကိုလာကြိုမယ်နော်"
"..."
တကယ်ပဲမကြားတာလား မကြားချင်ယောင်ပဲဆောင်သွားတာလားမသိ ကျောပိုးအိတ်ကိုရင်ခွင်ထဲပိုက်ပြီး ကားဆီကိုလှမ်းနေတဲ့ခြေလှမ်းတွေက ခါတိုင်းထက်ပိုမြန်နေခဲ့တာ...

မေလေး တဲ့လား အခေါ်အဝေါ်တွေတောင်ပြောင်းပြီပေါ့ ကိုကိုရယ် သူနဲ့သွားတွေ့ရမှာမို့ သားကိုကျောင်းတောင်လိုက်မပို့နိုင်တာလား ခါတိုင်းနေမကောင်းဘူးဆို တစ်ပတ်လောက်တော့ ကျောင်းပို့ကျောင်းကြိုကိုယ်တိုင်လုပ်ပြီး သည်းသည်းလှုပ်ချစ်ပြတတ်တဲ့သားရဲ့ကိုကိုကခုဘယ်ရောက်သွားတာလဲ စဉ်းစားရင်း ကျချင်လာတဲ့ မျက်ရည်တွေကိုမနည်းထိန်းထားရတာကအသက်ရှူဖို့တောင် ခက်ခဲစေတာမို့
"သား အသက်ရှူကျပ်လို့လား aircon ဖွင့်ထားတယ်လေ မိုးတွေလဲကျနေတယ်"
ကားမှန်ကိုချလိုက်မိတာမို့ စိုးရိမ်တကြီးပြောလာတဲ့ လေးလေးစကား
"မဟုတ်ပါဘူး သားဒီတိုင်းလေး အပြင်ကိုကြည့်ချင်လို့"
"မိုးတွေစင်မယ်လေ သားရယ် စာမေးပွဲနီးပြီကို ဖျားနေဦးမှဖြင့်..."
သားအဲလိုဖျားမှ ကိုကိုကသားအနားမှာရှိနေမှာမို့လား လေးလေးရဲ့ စိတ်ထဲကသာပြောလိုက်မိခြင်းရယ်ပါ လူတစ်ယောက်ရဲ့ဂရုစိုက်မှုကိုခံရဖို့ ကိုယ့်ကိုယ်ကိုတော့ဘယ်သူကနာကျင်အောင်လုပ်ချင်ပါ့မလဲလေ...ဒါပေမဲ့...

ဖြူစင်သော သံယောဇဉ်Where stories live. Discover now