Part-9

5.3K 442 4
                                    

"ကြီးကြီး ငယ်လေးကော"
"မထသေးဘူးထင်တယ် သားရဲ့ သွားနှိုးလိုက်ဦး"
"နေတောင်မြင့်နေပြီကို ကျောင်းနောက်ကျတော့မှာပဲ"
လမ်းလျောက်ပြန်လာရင် ငယ်လေးမျက်နှာကိုမြင်ရမှ မဟုတ်ရင် သူ့မနက်ခင်းတွေမှာ တစ်ခုခုလိုအပ်နေတာမျိုး ခံစားရခက်လှသည်

"ငယ်လေး ကျောင်းသွားရမယ် မဟုတ်လား ထတော့လေ"
"ဟုတ် ဟုတ်"
စောင်ပုံကြားထဲမှတုံ့ပြန်သံက တိုးလျစွာ ဒီအချိန်ထိမထသေးတာ နေများမကောင်းဘူးလားဆိုတဲ့ အသိစိတ်ကြောင့် အနားကပ်မိတော့ ရှောင်ဖယ်ပြီးမျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်သွားတဲ့ကလေး မနက်စာကိုအလောသုံးဆယ်စားပြီး လေးလေးရေ သားတို့နောက်ကျတော့မယ်ဟုအော်ကာ လွယ်အိတ်ဆွဲပြီး ကားပေါ်အတင်းတက်လေပြီ ကြာတော့ကျောင်းမှာပျော်စရာတွေ့လာပြီထင်သည် အရင်လိုကျောင်းသွားဖို့ ဂျီကျနေတာမျိုးမတွေ့ရတော့ စိတ်ပူပေမဲ့ အလုပ်တွေကြောင့်ကျောင်းထိမလိုက်နိုင်တဲ့ကိုယ့်မှာ မနက်ကနေညနေအထိ car parking ကနေတစ်နေကုန်ထိုင်စောင့်ပြီးကြိုလာတတ်တဲ့လေးလေးကိုသာကျေးဇူးတင်ရတော့သည်... ပြင်ဦးလွင်ကနေ1နာရီခွဲလောက်မောင်းရတဲ့ကျောင်းကို လေးလေးပင်ပန်းရင်အိမ်ပြန်လာပြီးညနေမှကြိုပေါ့လို့အကြံပေးတော့ "သားငယ်ထမင်းပုံမှန်မစားမှာဆိုးတယ်" ဆိုတဲ့စကားတစ်ခွန်းနဲ့ အဆုံးသတ်ပစ်လိုက်တာ ငယ်လေးဆိုတဲ့ကလေးလေးဟာ အဲလောက်ထိတန်ဖိုးအထားခံရတဲ့သူပါ...

"ညီထွဋ်သွေး ဟိုဟာလေ ငါတို့အကူညီတောင်းစရာရှိလို့"
ဆံပင်ရှည်ရှည်တွေကိုနဖူးပေါ်အပြောင်သိမ်းပြီး နောက်ဘက်မှာ ချည်နှောင်ထားတဲ့ကောင်မလေး ခုခေတ်ပေါ်တဲ့ပါဝါမျက်မှန်လေးအောက်ကကောင်မလေးမျက်လုံးတွေဟာ ကြည်လင်တောက်ပနေတာမို့ တခဏတော့ငေးမောမိသွားသည်... ဒီကောင်မလေးက ဟိုနေ့ကမှတီချယ်ရွေးပေးထားတဲ့ မိန်းကလေး EC မဟုတ်ဘူးလား...
"ငါကဒီအတန်းရဲ့ မိန်းကလေး EC ယမုံဖူးပါ သူကလည်းဒီအတန်းထဲကပဲ ထားထားဝေတဲ့"
စဉ်းစားနေတုန်းမှာပဲ သူ့ကိုယ်သူမိတ်ဆက်လိုက်တာမို့ သိတယ်ဆိုတဲ့သဘောနှင့်သာခေါင်းညိတ်ပြလိုက်မိသည်
"ငါတို့ကဟာ အတန်းထဲကသူတွေအချင်းချင်း ရင်းနှီးသွားအောင်ဆိုပြီး New year ညမှာပွဲလေးတစ်ခုလုပ်မလားလို့ စဉ်းစားထားတာ အဲဒါ... တီချယ့်ကိုတိုင်ပင်တော့ တီချယ်ကလည်းလုပ်ချင်လုပ်ပေါ့ဆိုလို့ တီချယ်တွေအဆောင်ဘက်မှာ မီးပုံပွဲလုပ်မှာ..."
ပြောနေရင်းအသက်တစ်ချက်ရှူကာ သူ့စကားကိုဆက်သည်
"အဲဒါလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ ပြင်ဦးလွင်သွားဖို့လိုတယ် ငါတို့ကသုံးထောင်တို့ ပြင်စာတို့မှာနေတော့ သွားရေးလာရေးအဆင်မပြေလို့ နင်ဝယ်ပေးခဲ့လို့ရမလား"
ညီထွဋ်ဘာပြန်ပြောရမှန်းမသိတွေဝေနေခိုက် ထားထားဝေဆိုတဲ့ကောင်မလေးဝင်ပြောမှအဆင်ပြေသွားသည်
"နင်ကပြင်ဦးလွင်ကလာတာမို့အကူညီတောင်းတာပါဟာ နင်ဝယ်လာဖို့အဆင်မပြေရင် ငါတို့နင်နဲ့ပြင်ဦးလွင်လိုက်ခဲ့လို့ရမလား"
"အင်း ရပါတယ် နင်တို့လိုက်ခဲ့တာ ပိုအဆင်ပြေမယ်ထင်တယ်ဟ ငါကကျမဝယ်တတ်ဘူး ပြီးရင်နင်တို့နေတဲ့ဆီကို ငါပြန်လိုက်ပို့ပေးမယ်လေ"
"အဲဒါဆိုအဆင်ပြေပါတယ် ဖူးညနေကျောင်းဆင်းရင်လိုက်သွားမလား"
"မသိဘူး ငါ ငဖြိုးကိုမေးရဦးမယ် ဒီကောင့်ဆီပိုက်ဆံတွေစုံပြီလား မသိဘူး"
"အဲ့ EC ကောင်ကလဲခုဘယ်သွားပြန်တာတဲ့လဲ"
"မသိဘူး ငါဖုန်းဆက်လိုက်မယ် ခဏစောင့်ဦးနော် ညီထွဋ်သွေး"
"အေး ရပါတယ်"

ဖြူစင်သော သံယောဇဉ်Where stories live. Discover now