Part-6

5.3K 463 4
                                    

"ခုချိန်ထိ မိုးကတစ်ယောက်တည်းပဲတဲ့"
မိုးကိုချပြီး မေလေးပြောလိုက်တဲ့စကား ဘာကိုဆိုလိုချင်တာလဲဆိုတာသိပေမဲ့...
"နင် မသိချင်ယောင်တွေ မဆောင်ပါနဲ့ ခေတ်ရယ် အဲတုန်းကကိစ္စကို ငါအခုထိကျေနပ်တာမဟုတ်ဘူး ခုနှစ်ယောက်လုံးပြန်တွေ့နေကြပြီ နင်သူ့ကိုတောင်းပန်သင့်တယ် ငခေတ်"
စိတ်တွေက အတိတ်တွေဆီ ပြန်ရောက်သွားတော့ သူတကယ်ပဲ လွန်ခဲ့သည်ထင်သည်...
မိုးကိုသူစတွေ့ခဲ့တာ ၇ တန်းလောက်က... ထက်ကိုမိဘတွေနဲ့သိတဲ့မိုးမိဘတွေကတာဝန်နဲ့ရန်ကုန်ကနေမန်းလေးကိုပြောင်းလာခဲ့ပြီးနောက်မှာအတန်းတူတဲ့သူတွေအချင်းချင်းမို့ရင်းနှီးသွားခဲ့တာ... မိုးကဆံပင်ရှည်ရှည်မျက်မှန်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ... ထက်ကိုရယ် ခေတ်ရယ် မေလေးရယ် ကအစကတည်းကဘော်ဒါအရင်းတွေပီပီ လည်ပင်းဖက်ပေါင်းခဲ့ကြသူတွေ... မေလေးဆိုတာကလည်း ယောက်ျားလျာလိုနေပြီး ခေတ်တို့နဲ့အတူ မိုက်ဖော် မိုက်ဖက်... တခါတလေ ယောက်ျားလေးတွေက ရန်မဖြစ်ရဘဲ သူသဘောကျနေတဲ့ကောင်မလေးကို တခြားကောင်တွေ လာကြောင်ရင် ဒုတ်ဆွဲ ဓားဆွဲတွေ လုပ်တတ်တာမို့ သူတို့ပါ ဝင်ပါရင်း ကျောင်းအုပ်ကြီး ရုံးခန်းရောက်ရပေါင်းလဲမနည်း... မိုးရောက်လာတော့ သူ့ပစ်မှတ်ကမိုး... မိုးကိုဆိုအထိတောင်ခံတာမဟုတ် ဒါပေမဲ့ မိုးကသူငယ်ချင်းတွေကိုတန်းတူဆက်ဆံခဲ့သည် အနေတွေနီးလာတဲ့နောက်မှာ ခေတ်ကမိုးအပေါ်သာမန်ထက် ပိုသလို မိုးလည်းပိုခဲ့သည်ထင်သည် ဒါကြောင့်မို့ပဲ တခြားသူငယ်ချင်းတွေအမြင်မှာ ခေတ်နဲ့မိုးက ချစ်သူတွေဖြစ်ခဲ့ကြသည်... အမှန်တော့ ဆယ်တန်းဖြေပြီးတဲ့ နေ့မှာမှ မိုးကိုတရားဝင်ချစ်ခွင့်ပန်ခဲ့တာပါ မိုးရဲ့ပညာရေးကိုနှောင့်ယှက်မိသလိုဖြစ်မှာစိုးလို့ လို့ပြောတော့ အပိုတွေဆိုပြီး ရင်ခွင်ထဲတိုးကာ မိုးလည်းချစ်နေခဲ့တာပါ ဆိုပြီးဝန်ခံခဲ့လေသည် ဒါကိုသိသွားတဲ့ မေလေးက စိတ်တော့မဆိုးပေမဲ့ မိုးကိုစိတ်ညစ်အောင်လုပ်ရင်နင့်ကိုအသေသတ်မှာဆိုပြီး ခြိမ်းခြောက်သွားခဲ့သည်...
မိုးဆီက အဖြေရတဲ့နေ့မှာပဲ မိုးနဲ့ကွဲဖို့ အကြောင်းပါလာခဲ့သလားမသိ ကိုယ်ပိုင်ရင်သွေးလေးမွေးဖွားဖို့ထိ ကျန်းမာရေးမကောင်းခဲ့သည့်မေမေက တစ်မျိုးလုံးနှင့်အတိုက်ခံလုပ်ကာ ငယ်လေးကိုမွေးဖွားပေးခဲ့သည် မွေးပြီးပြီးချင်းပဲ ဆုံးပါးသွားတဲ့ မေမေရဲ့အမှာစကားတွေထဲမှာ ငယ်လေးကို စောင့်ရှောက်ဖို့ဆိုတာတွေချည်းအပ်ကြောင်းတွေထပ်နေခဲ့သည်... ခေါင်းမာတဲ့မေမေ့ကိုစိတ်ဆိုးမိပေမဲ့ မေမေနဲ့တူတဲ့ သားလေးရတော့ ဖေဖေ့မှာ ဝမ်းသာမဆုံး... ဒါကို ရက်စက်လှသည့်ကံတရားက မေမေ့အမွေအနေနဲ့ ငယ်လေးကို မွေးရာပါနှလုံးရောဂါ ဖြစ်စေလိုက်သည့်အခါမတော့ ဖေဖေ့အတွက် မျှော်လင့်ချက်တွေက သဲထဲရေသွန်သလိုပင်... သံယောဇဉ်တွေမကြီးချင်တော့ဘူးကွာ ဆိုတဲ့စကားနဲ့ ငယ်လေး ဝေဒနာ ခံစားရတဲ့အခါ မမြင်ရက်နိုင်သည့်ဖေဖေက အဝေးကပဲလွမ်း အဝေးကပဲစောင့်ရှောက်ရင်း ငယ်လေးမခွဲခင် သူကအရင်ကြိုတင်ပြင်ဆင်ခဲ့တာ ခုဆိုငယ်လေးတောင် ဆယ်တန်းဖြေပြီးလို့ တက္ကသိုလ် တက်ရမဲ့အရွယ်ရောက်နေပြီ...
"ငါ သူကျေနပ်တဲ့အထိ တောင်းပန်မှာပါ..."
"ငါကတော့ နင့်ထက် မိုးကိုပိုအံ့သြတယ် ခုချိန်ထိတစ်ယောက်တည်းနေနိုင်ခဲ့တာ ဘယ်ယောက်ျားကိုမှလက်မခံခဲ့ဘဲနဲ့"
"ကဲပါ မေလေးရယ် သူတို့ဘာသာဆုံးဖြတ်ကြပါစေ..."
"နင်လည်းအိမ်ထောင်ပြုရမဲ့အရွယ်ရောက်နေပြီပဲ သေချာစဉ်းစားပေါ့ ကိုယ်ကပစ်ချထားခဲ့တာတောင် ကိုယ့်အပေါ်သစ္စာရှိနေပေးခဲ့တဲ့လူမျိုးကို နင်မရွေးချယ်ဘူးဆိုရင်..."
"ငါနားလည်ပါတယ်"
"ခေတ် ငါအိမ်ရှေ့မှာပဲ ရပ်လိုက်တော့မယ်နော်"
"အေးပါ ကျေးဇူး Gn ကွာ"
ခြံထဲကတစ်ဆင့်အိမ်ထဲရောက်တော့ တိတ်ဆိတ်နေတာကလူကိုတစ်မျိုးဖြစ်စေသည်... ငယ်လေးများပြန်မရောက်သေးတာလား ခါတိုင်းဆို အိမ်ရှေ့ ဧည့်ခန်းထဲမှာ ဆူဆူညံညံနဲ့ TV ကြည့်နေတတ်တဲ့ကလေးလေး
"ကြီးကြီး"
"..."
"ကြီးကြီးရေ..."
ပြန်ထူးသံ မကြားတာနဲ့ လက်ချောင်းတွေက ဖုန်း screen ပေါ်ရောက်ပြီးသား မိုးချုပ်နေပြီမဟုတ်လား ဒီကလေး ဘယ်တွေသွားနေတာလဲ
"သား"
"ကြီးကြီး ငယ်လေး ပြန်မရောက်သေးတာလား"
"ရောက်ပြီသား ဟို... ဟိုလေ... သားငယ်လေး အစာမှားခဲ့တာထင်တယ် အန်နေတာ နှစ်ခါရှိပြီ"
"ဘယ်လို... ဘာတွေစားခဲ့တာတဲ့လဲ"
စကားတောင်မဆုံးလိုက် လူကငယ်လေးအခန်းထဲရောက်နေခဲ့ပြီ ငယ်လေးကိုကြည့်လိုက်တော့ pooh ကာတွန်းလေးတွေပါတဲ့ ညအိပ်ဝတ်စုံအဝါလေးကြောင့် ပိုပြီးဖြူဖျော့နေသလို... မျက်ဝန်းတစ်ဝိုက် စိုစွတ်နေတာက မျက်ရည်တွေလား... နဖူးလေးသွားစမ်းတော့ ပူနွေးနွေးလေးဖြစ်နေတာ လည်ပင်းတွေဆီရောက်သွားချိန်မှာ တော့ရွှဲနစ်နေတဲ့ချွေးတွေ... ဘယ်လိုတောင်ဝေဒနာခံစားနေရတာလဲကလေးရယ်...
"ကြီးကြီး ဘယ်လိုဖြစ်တာလဲ ခုဘာဆေးတိုက်ထားတာလဲ"
"ဆားနဲ့ပျားရည်တော့ ဖျော်လာတယ်"
"အင်း နှိုးလိုက်မှထင်တယ်နော်"
"ဆေးတိုက်ပြီးမှ ပြန်အိပ်ခိုင်းကြတာပေါ့"
"ငယ်လေး ငယ်လေး ခဏထ ပျားရည်သောက်ရအောင်"
"ကိုကိုပြန်ရောက်ပြီလား သားက ကိုကို့ကိုစောင့်နေတာ"
ထွက်လာတဲ့အသံကတိုးတိုးလေး နှုတ်ခမ်းလေးကြောင့်သာ ဘာပြောလဲသိရတာ... ဒီတစ်ခါလေးပဲ ကိုကိုမပါဘဲလွှတ်လိုက်မိတာ အရွယ်ရောက်ပြီဆိုတော့ သူငယ်ချင်းတွေနဲ့လွတ်လွတ်လပ်လပ်သွားရအောင်လို့ပါ... ဒီလိုတွေဖြစ်မယ်ဆိုတာကြိုသိရင် ကိုကို မလွှတ်ပါဘူး... ခုတော့ ဝေဒနာတွေကြားထဲကအိမ်ပြန်အလာကိုစောင့်နေခဲ့တာတဲ့
"ခု ခဏထနော် ပျားရည်လေးသောက်ရအောင်"
"ကိုကို"
"ဟင်"
"သားကြောင့်ပင်ပန်းလားဟင် သားရှိနေလို့ ကိုကိုအနှောင့်ယှက်ဖြစ်တယ်မို့လား"
နေ့ခင်းက ကောင်းနဲ့ငဆက် တို့ပြောတဲ့ စကားတွေကြောင့် ကိုကို့ကိုမေးမိတာပါ

"အစ်ကိုလည်း လွတ်လွတ်လပ်လပ် နေချင်မှာပေါ့ မင်းကလဲ နေရာတကာလိုက်ချင်မနေနဲ့လေ အမှန်ဆိုအစ်ကို့အရွယ်က မိန်းမနဲ့ကလေးနဲ့နေရမယ့်အရွယ်ရောက်နေပြီ"

"ဒီအရွယ်ထိ မင်းအနားရှိနေပေးတာပဲ ကံကောင်းလှပြီ မင်းကြောင့်အနှောင့်အယှက်ဖြစ်မှာကိုလဲထည့်တွက်ဦး မင်းကို ဂရုစိုက်ရတာနဲ့ အစ်ကိုလည်း ပင်ပန်းရောပေါ့"

နားထဲပြန်ကြားမိတော့ ဝမ်းနည်းမိတာကအလိုလို

"ဘာတွေပြောနေတာလဲ ငယ်လေးရယ် ဒါလေးကုန်အောင်သောက်လိုက် နော်"
ကြိုးစားပြီးသောက်ပေမဲ့ ရင်ဘတ်ထဲကချက်ချင်းပျို့တက်လာတာမို့ ခြေလှမ်းတွေက သန့်စင်ခန်းဆီသို့သာ...
~~~~~TBC~~~~~
ဖတ်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် Msg ပို့တဲ့သူတွေကို reply တာ email ကိုပြန်ပြန် confirm ခိုင်းနေပြီးမရတာမို့ပါနော် အားလုံးကိုလေးစားပါတယ်လို့ ...

ဖြူစင်သော သံယောဇဉ်Where stories live. Discover now