Part 5

19.7K 1.8K 90
                                    

[ Unicode ]

✉ ကိုကို... ရေထဲအကြာကြီးဆင်းမနေနဲ့နော် အအေးပတ်မယ်
အစစအရာရာဂရုစိုက်
နောက်ပီးပင်လယ်စာတွေအများကြီးမစားနဲ့ နေမကောင်းဖြစ်လိမ့်မယ်
တွေ့ချင်ပေမဲ့ ကိုကိုတို့ပျော်သလောက်နေမှာဆိုလဲနေပါ
ဒါပင်မဲ့... ကျွန်​တော်တကယ်လွမ်းတယ်သိလား?
ချစ်တယ် ကိုကို ✉

smsတစ်စောင်ကို အထပ်ထပ်အခါခါပြန်ဖတ်နေမိတာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ​တော့...။

ပို့ထားချိန်က မနက်၈နာရီ
ကျွန်​တော်ကျောင်းလာခံနီးပ
ကတည်းကဖြစ်သည်။
အခုကျောင်းနားချိန် ၁၁ထိုး​နေပြီ။
replyတစ်စောင်မရောက်လာသေးပင်...။

ကိုကို မမြင်လို့လား?
arnyi...မဖြစ်နိုင်တာ ဖုန်းကိုလက်ကမချစတမ်း ဂိမ်းဆော့တတ်သူက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်တွေ့ကိုတွေ့မှာပါ။

ဖုန်းကိုကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လိုက်ရင်း ပြတင်းပေါက်ဘက်မျက်နှာမူကာ ခုံပေါ်ခေါင်းမှောက်ချလိုက်သည်။

"အဆင်ပြေရဲ့လား?"

နောက်ကျောဘက်ကထွက်လာသော
နူးနူးညံ့ညံ့ခေါ်သံကား ဘယ်သူဘယ်ဝါမသိ။

မျက်လုံးအစုံကိုမှိတ်ချလိုက်သည့်နောက် မျက်ဝန်းအတွင်းမှ ရေစက်တို့ ပါးပြင်ကိုကန့်လန့်ဖြတ်ကာ ခုံပေါ်တွင်နိဂုံးချုပ်လေသည်။

"ဘာတွေ ဝမ်းနည်းနေတာလဲ ကလေးရယ်"

ကလေး?
ကလေးလို့ ကျွန်​​တော့်ကိုခေါ်လာသည့်လူတစ်ယောက်မှမရှိဖူးတာကြောင့် ခေါင်းမော့ကြည့်မိတော့သည်။

ကျွန်​တော့်ခုံဘေးရပ်နေသော လူက ကျွန်​တော့်ကိုပြုံးကာကြည့်​နေ​လေသည်။

အရပ်အမောင်းကောင်းကောင်းနဲ့ ထိုလူကကြည့်ကောင်းသည့်အသွင်အပြင်အပြည့်နှင့်။

အဲ့လိုတွေးမိတော့ မဆီမဆိုင် ကိုကို့ကိုသတိရမိပြန်သည်။
ကိုကိုကလည်းအရမ်းပြည့်စုံတဲ့ ​ယောကျာ်းတစ်​ယောက်မဟုတ်လား။

အတန်းထဲတွင် သူနှင့်ကျွန်​တော်နှစ်ဦးတည်းသာရှိသည်။
အေးလေ...
တစ်တန်းလုံးကထမင်းစားဖို့အသီးသီးထွက်သွားကြပြီး
ကျွန်​တော်ကသာ အလွမ်းဒဏ်ပိပြီးမစားနိုင်မသောက်နိုင်ဖြစ်နေတာ။

SilentWhere stories live. Discover now