Part 6.2

20.3K 1.8K 17
                                    

[ Unicode ]

"ဒါ Baekအိမ်!
ဝင်လေHyung..."

Hyungကို အိမ်ခေါ်လာတာက ကိုယ့်အကိုအရင်းလိုသဘောထားတဲ့အတွက် မေမေနဲ့မိတ်ဆက်ပေးချင်၍ဖြစ်သည်။

"မေမေရေ"

"သား....မေနောက်မှာ"

နောက်ဖေးက မေမေ့ထူးသံကြောင့်....

"ဒီမှာဧည့်သည်ပါလာတယ်လို့"

"အေးအေး...ခဏဧည့်ခံထားလိုက်
မေမေအအေးဖျော်ခဲ့ပေးမယ်"

"Nae~
Hyungထိုင်! Baekတို့ကသားမိနှစ်ယောက်တည်းနေတာလေ
ဖေဖေကBaekငယ်ငယ်လေးတည်းကဆုံးသွားတာ"

ကျွန်​တော့်ပြောသံအဆုံးHyungက သက်ပြင်းဖွဖွချရင်း...။

"အဲ့လိုပဲ ပြောခဲ့တယ်လား?"

Hyungရဲ့ခပ်တိုးတိုးစကားကို ကျွန်​တော်ပီပြင်စွာမကြားလိုက်ရ၍ ​နောက်တစ်ကြိမ်ပြန်​မေးမိသည်။

"Hyungဘာ..."

"သား ပြန်လာတာနောက်ကျတယ်နော်"

အအေးခွက်ကို Hyungရှေ့တစ်ခွက် ကျွန်​တော့်ရှေ့တစ်ခွက်ချပေးရင်းဆိုလာတဲ့မေမေ့ကြောင့် မေးမဲ့စကားတွေကဘာမဟုတ်သလို ပျောက်ကွယ်သွား​တော့သည်။

"ဟုတ်တယ် မေမေရဲ့ ... စာကြည့်တိုက်ဝင်နေလို့"

မုသားမပါ လကာင်္မချောမဟုတ်လား...?

"aww... ဒါနဲ့ ဒီHyungနာမည်က Wu Krisတဲ့"

"ဘယ်....ဘယ်လို...Wu..."

မေမေ့ရဲ့တုန်လှုပ်သွားပုံရတဲ့ဟန်အမူအယာ....။
မေမေ့ကိုစူးစိုက်ကြည့်နေတဲ့ Hyung.....။

ပုံမှတ်မဟုတ်တာ တခုခုကြောင့်များလား?

"BaekHyun ah~ ခဏထွက်ခဲ့"

အိမ်ရှေ့ကခေါ်သံက NaNaအသံမှန်း ကျွန်​တော်တန်းသိလိုက်သည်။

သူကရော ဘာတွေစကားနာထိုးဖို့ ဒီထိလိုက်လာပြန်တာလဲ?

"Hyungခဏနော်...
မေမေHyungကိုဧည့်ခံထားပေးနော်
အရှေ့မှာNaNaစောင့်နေလို့"

မေမေ့တုံ့ပြန်သံကိုမစောင့်ပဲ ကျွန်​တော် အိမ်ရှေ့သို့ထွက်ခဲ့လိုက်သည်။

SilentWhere stories live. Discover now