Part 7 °Yeol's Pov:°

23.2K 1.8K 53
                                    

[ Unicode ]

BaekHyun...
သူကပျော်ပျော်နေတတ်တဲ့ကလေးတစ်ယောက်။
ကလေး?
အွန်း....ကလေးပဲပေါ့။
ကျွန်​တော့်ထက် ၅နှစ်နည်းပါးငယ်တဲ့ကလေးတစ်ယောက်။

သူ့ကို ကြည့်ရင်အေးချမ်းသည်။
သူပျော်နေတဲ့ပုံလေးတွေ သူရယ်မောနေတဲ့ဟန်ပန်လေးတွေက ဘေးကကြည့်နေတဲ့လူကိုပါ အပျော်တွေကူးစက်စေနိုင်သည်။

"Hyung gameတွေသိပ်မဆော့နဲ့ မျက်မှန်တပ်ရမယ်"

ထိုပိစိ ကျွန်​​တော့်ကို သတိပေးခဲ့စဉ်က...။
တကယ့်လူကြီးပေါက်စ​လေးလိုပင်။

သူ့အသံလေးက ကျွန်​တော်ဂိမ်းဆော့တိုင်းပြန်ကြားနေရလောက်တဲ့အထိ ဆွဲဆောင်နိုင်ခဲ့သည်။

ဝန်ခံပါတယ်...
ကျွန်​တော်ဂိမ်းဆော့တိုင်း သူ့ကိုသတိရမိတယ်ဆိုတာ...။

ထို​ကောင်​လေး ကျွန်​တော့်ကို သူ့ရင်ခွင်သေးသေးထဲထည့်နှစ်သိမ့်ပေးတဲ့နေ့...။
​မေ့ရနိုင်မည်မထင်ပါ။
အဲ့​နေ့က ကျွန်​တော့်ရင်တွေအတိုင်းအဆမရှိခုန်နေခဲ့လို့လေ။
နောက်ပြီးအဲ့ညက လရောင်အောက်က ​ကောင်လေးက က​လေး​လေးလိုပင် သိပ်ချစ်ဖို့ကောင်းနေခဲ့သည်။

နောက်နေ့.....နောက်နေ့တွေမှာ
ကျွန်​တော် ထို​ကောင်​လေးကိုချစ်နေတာသိသာလာခဲ့တယ်။
အဲ့ကောင်လေးက သိပ်ဆွဲဆောင်မှုပြင်းတာပဲနော်။

သူ ကျောင်းမတက်တဲ့နေ့တုန်းက သိသိချင်းစိတ်ပူသွားခဲ့ရသည်။
BamWooက ကျွန်​တော့်ကြောင့် ထို​ကောင်​လေးလေးနေမကောင်းဖြစ်တာလို့ပြောလာသည်။
သူ အရမ်းငိုခဲ့လို့တဲ့လေ...။
ကျွန်​တော့်ကြောင့်ဆိုပြန်တော့
အလွယ်တကူ သဘောပေါက်ခဲ့သည်က...။

"ကိုယ်တို့တွဲရအောင်"

အဲ့အစား "ကိုယ်မင်းကိုချစ်တယ်"ဆိုတဲ့စကားမျိုး
ပြောချင်တာပေါ့။
ဒါပေမဲ့ သူကကလေး....။
ကလေးဆိုတဲ့သဘာဝအတိုင်း စိတ်ကစားတာဆိုရင်.....။
တနေ့... ကျွန်​တော့်ရဲ့ချစ်တယ်ဆိုတဲ့စကားကို ထို​ကောင်လေးရိုးအီသွားခဲ့ရင်...။

ကိုယ် မင်းကိုချစ်တယ်ဆိုတာ​တော့ ယုံပေးပါ။

"ကိုကို့ကိုအရမ်းချစ်တယ်"

SilentWhere stories live. Discover now