[ Unicode ]
နောက်နေ့မနက်မှာတော့ အရာရာကိုအေးချမ်းစွာနိုးထခဲ့ရသည်။
မိသားစုဝင်တစ်ယောက်တိုးလာပြီဆိုတဲ့အသိကြောင့် ရင်ခုန်မှုကအတိုင်းသား...။"BaekHyunee~"
"Hyung..."
အခန်းထဲဝင်လာတဲ့Hyungကြောင့် အလျင်မြန်ထထိုင်လိုက်မိသည်။
"Hyungက မနက်အစောကြီးကရောက်နေတာ... Baekကတော့ ငယ်ငယ်ကတိုင်းအိပ်ရေးပုတ်တုန်းထင်တယ်"
"ကျွန်တော်...အာ...Baekညက အိပ်တာနောက်ကျလို့ပါ ဟီးးး "
Hyungက အရက်သာဘဝမှတ်ခဲ့တဲ့ ဖေဖေ့ကြောင့် ဥစ္စာကြွယ်သော်လည်း အထီးကျန်နေခဲ့မှာ...။
အဲ့တာကြောင့် ကျွန်တော်ကHyungအတွက် ချစ်ဖို့ကောင်းပြီးလိမ္မာတဲ့ညီတစ်ယောက်ဖြစ်ချင်မိသည်။"ဟုတ်ပါပီကွာ
အခု နိုးလည်းထတော့...
ရေချိုးပြီးရင်ဆင်းခဲ့
မေမေ မနက်စာပြင်ထားတယ်""nae~~"
အရင်တုန်းကဆို မနက်စာကိုအိမ်မှာစားချင်မှစားတာ...။
ကျောင်းကိုလမ်းလေးလျှောက်ရင်း မနက်စာစားတာကပုံမှန်လိုဖြစ်နေခဲ့ပင်မဲ့...
ဒီနေ့တော့...။"ကျွန်တော်အမြဲတောင်းတခဲ့တာ"
Hyungရဲ့ရင်နစ်စကားသံကြောင့် ကော်ဖီသောက်နေရင်း ကျွန်တော်နားစွင့်နေမိသည်။
"အခုပြည့်နေပြီပဲ FanFanလေးရဲ့..."
"ဟုတ်တယ်လေHyungရဲ့ ...
အခုဆိုHyungရယ် Baekရယ် မေမေရယ်တူတူနေလို့ရပြီလေ""Baek....?"
မေမေ့ရဲ့အမေးကိုHyungကပြုံးရင်းပြန်ဖြေပေးသည်။
"ကျွန်တော် ပြင်ခိုင်းထားတာ မေမေ"
"aww... Baekလေးငယ်ငယ်က အဲ့လို Baekကလေ Baekကလေ ဆိုပြီးမပီကလာပီကလာနဲ့ပြောနေကျ"
မေမေကလည်း ပြုံးရင်းသာ...။
"Baekအခုစကားပီနေပါပြီနော်"
ကျွန်တော့်အပြောမှာ မေမေနဲ့Hyungရဲ့ရယ်သံလေးက အသက်ဝင်စွာ..။
ဒီလိုလေး အမြဲပျော်ရွင်နေချင်ပါရဲ့။~~~~Silent~~~~
ကျောင်းကိုတော့Hyungရဲ့ကားနှင့်သာလိုက်လာခဲ့တော့သည်။
YOU ARE READING
Silent
Fanfiction[ Unicode ] "ကိုကို ကျနော်ကsilentလား?" အဲ့စကားကိုမေးမယ်ကြံတိုင်း နှုတ်ခမ်းစပ်မှာတင်ပျောက်ရှသွားရတာ အကြိမ်ကြိမ်...... သူပြန်ဖြေလာမယ့် "အဲ့လိုမဟုတ်ပါဘူး" ဆိုတဲ့ ခပ်ပေါ့ပေါ့အဖြေတစ်ခုကို ကြိုသိသည်မို့...... အဲ့မေးခွန်းလေးအစား မျက်ရည်တစ်စက်နဲ့သာ လဲလိုက်...