Final

20.3K 1K 29
                                    

[ Unicode ]

"Byun Baekhyun! Byun Baekhyun! Byun Baekhyun"

နားနေခန်းထဲထိုင်နေသည့်တိုင် အရှေ့ဘက်မှ အော်သံတို့ကကြားနေရသေးသည်။

"Baekက နောက်ဆုံးဖျော်ဖြေမှုဆိုတာမသိဘူးလား? ကျစ်!"

ကျစ်သတ်စုပ်ကာပြောလာတာ သူ့ရဲ့စိတ်မကြည်မှုတို့ကအထင်းသား....။

"Listကထုတ်ထားပြီးသားကို... သူတို့သိမှာပါ"

ကျွန်​တော့်စကားကြောင့် ဂီတာကြိုးညှိရာကို အာရုံစိုက်နေတဲ့ သူ့မျက်ဝန်းတွေ ကျွန်​တော့်ဆီရောက်လာခဲ့သည်။

"အဲ့တာကိုတောင် ဘာလို့ Byun Baekhyun! Byun Baekhyun!နဲ့အော်နေကြတာလဲ"

နှုတ်ခမ်းအားမဲ့ရွဲ့ကာ ပြောဆိုပြီးနောက်... ရင်ဝယ်ပိုက်ထားသော ဂီတာဆီ သူအာရုံလွဲပစ်လိုက်ပြန်သည်။

ကလေးဆန်သော အမူအရာကြောင့် ကျွန်​​တော် မရယ်မိအောင်ထိန်းလိုက်ရသေးသည်။

"အဲ့တာကတော့ Byun Baekhyunမဟုတ်လို့နေမှာပေါ့ဗျာ"

ကိုယ့်ကိုကိုယ်ကို ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်ပင်မဲ့ လူကြီးတန်မဲ့မျက်စောင်းထိုးလာပါသောသူ....။

အွန်း...... ကိုကိုတောင် ကျွန်​တော်နဲ့ပတ်သတ်ပြီး ကလေးဆန်ဆန် သဝန်တိုမှုမျိုးရှိလာပြီတဲ့လေ.....။

"ကိုကိုရာ.... မျက်စောင်းတွေထိုး နှုတ်ခမ်းတွေထော်နဲ့...
Baekကနဂိုကမှ ကိုကိုကို့ အဲ့လူတွေရှေ့ထုတ်ပြချင်တာမဟုတ်ဘူးနော်
တော်ကြာ... အဲ့အောက်က အမတော်တွေက ခင်ဗျားကြီးကိုမျက်စိကျသွားမှဖြင့်...."

ဒီတခါ...
ကလေးဆန်သွားရသူက ကျွန်​တော်ပင်....။

ကျွန်​တော့်လို ပျော်ပျော်နေတတ်တဲ့သူတောင် Park Chanyeolဆိုတဲ့လူကြီးကြောင့် တငိုငို တရီရီဖြစ်ခဲ့ရသေးတာပဲ....။
ကျောင်းက မိန်းကလေးတွေရဲ့ အကြောင်းကို ကျွန်​တော်သာသိသည်။

"ဒီတယောက်ပြီးရင် Baekhyun! မင်းအလှည့်ပဲနော်"

အခန်းတံခါးမှ ခေါင်းလေးဝင်ကာ အသိပေးပြီးပြန်ထွက်သွားသော Sehun...။

"ကိုကို.... Baekတို့ အလှည့်ရောက်တော့မယ်"

ဘယ်လောက်ပဲ ဒီလိုပွဲမျိုးနှင့်ရင်းနှီးသည်ဆိုစေဦးတော့....
ဒီတခေါက်ပွဲက အရင်လိုမှမဟုတ်ပဲ....။

SilentWhere stories live. Discover now