Story 1

11.4K 755 28
                                    


"ဇာတ်​လမ်းက နည်းနည်း​တော့ရှည်​တယ်​ မင်းနား​ထောင်​ချင်​လို့လား!? "

ကျွန်​​တော်​ ​ခေါင်းငြိမ့်​ပြမိသည်​! ဘယ်​​နေရာမှန်းမသိတဲ့ ဒီ​နေရာကို ဘယ်​လို​ရောက်​လာမှန်းမသိတဲ့ ကျွန်​​တော့်​အဖို့ ကျွန်​​တော့်​​ရှေ့က လူစိမ်း​ပြောပြမယ့်​ ဇာတ်​လမ်းတစ်​ပုဒ်​ကို နား​ထောင်​ရုံမှ အပ အခြားလုပ်​စရာမှ မရှိပဲ​လေ~

ပတ်​ဝန်းကျင်​က အနည်းငယ်​ တိတ်​ဆိတ်​ပြီး တချက်​တချက်​ ​တော​ကောင်​တို့ရဲ့ အသံ! ​လေတစ်​ချက်​ အ​ဝှေ့မှာ လူစိမ်းရဲ့ ဝတ်​ရုံက တစ်​ဖြတ်​ဖြတ်​ တိုက်​ခတ်​   သံတို့ကလွဲလို့ ဘာမှ သိပ်​မကြားရ​ပေ! ကျွန်​​တော်​​ရှေ့က လူစိမ်းက သူ့ရဲ့ ပုံပြင်​ကို အစပျိုးဖို့ ပြင်​ဆင်​​နေသည်​! သူရဲ့ ဟန်​ပန်​က ဒဏ္ဏာရီထဲက လာသလိုပဲ! သူက ​ရှေး ​ခေတ်​ အင်္ဂလန်​စတိုင်​ ကုတ်​အကျီကို ဝတ်​ဆင်​ထားပြီး သူ့ရဲ့​ငွေမှင်​​ရောင်​ ဆံပင်​တစ်​ချို့ကို ဖဲကြိုးအနက်​​ရောင်​ဖြင့်​ စည်း​နှောင်​ကာ ပုခုံးတစ်​ဖက်​မှာချထားတယ်​! သူရပ်​​နေတဲ့ အရိပ်​​ကောင်းတဲ့ သစ်​ပင်​ကြီး ရဲ့ သစ်​ရွက်​ ခပ်​စိပ်​စိပ်​​တွေကြားက ​တစ်​ချက်​တစ်​ချက်​တိုးဝင်​လာတဲ့​နေ​ပြောက်​က​လေး​တွေ​ကြောင့်​ လူစိမ်း ရဲ့ မျက်​ခုံးနှစ်​ဖက်​က တွန့်​​ကွေး​နေတယ်​!အသားအရည်​က သာမန်​ထက်​ ဖြူလွန်းတဲ့ ထိုလူစိမ်းရဲ့ အသက်​အရွယ်​က ခန့်​မှန်းရခက်​​လေသည်​!

*Sigh*

ကျွန်​​တော်​ အ​တွေးတို့နှင့်​အတူ သက်​ပြင်းတစ်​ချက်​ချမိ​တယ်​!

"ဘာဖြစ်​လို့လည်း မင်းငါ့အ​ကြောင်းကို ပ​ဟေဠိဖြစ်​​နေသလား!?"

လူစိမ်းရဲ့ ခရမ်း​ရောင်​မျက်​လုံးတို့က ကျွန်​​တော့်​ နှလုံးသားထဲထိ ထိုး​ဖောက်​မြင်​​နိုင်​သလိုပဲ! ကျွန်​​တော်​​ခေါင်းအသာငြိမ့်​ပြလိုက်​သည်​!လူစိမ်းက

"​လော​လောဆယ်​​တော့ ငါမင်း​ကို​ပြောပြနိုင်​တာ ပုံပြင်​တစ်​ပုဒ်​ပဲရှိတယ်​​လေ"

သူ့အသံတို့က အနည်းငယ်​ လွမ်း​ဆွေးသ​ယောင်​ရှိလှသည်​!

Endless LoveWhere stories live. Discover now